အမ်း ဇူလိုင် ၂၆
ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်တွင် ဇူလိုင်လ(၂၆)ရက် နံနက်(၃)နာရီက အမှတ်(၃) စျေးရပ်ကွက် ဇာတီမော် ကျေးရွာတွင်တည်ရှိသည့် လျှပ်စစ်ပင်မဓာတ်အားခွဲရုံတွင် အမ်း-တပ်တောင် - ကန်းထောင်းကြီး သို့ ထုတ်လွှတ်ပေးနေသော 230/ 33/ 11 kv 45 mvx တွင် Trasformer Cc 15 mv tr သည် Bushing ကြွေသီးမှ ဆီများယိုစိမ့်ပြီး မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့၍ လျှပ်စစ်မီးပြတ်တောက်ခဲ့ကြောင်းသိရှိရသည်။
၎င်းပျက်စီးသွားသည့် Trasformer အား ပြင်ဆင်ခြင်းလုပ်ငန်းဆောင် ရွက်ရာတွင် အနည်းဆုံး(၅)ရက်မှ (၇)ရက်ထိ ကြာမြင့်နိုင်မည်ဖြစ်ကြောင်း သိရှိရသည်။
စိုးမင်းထွန်း(ပြန်/ဆက်)


