အမ်း   ၂၄    အောက်တိုဘာ

 

ရခိုင်ပြည်နယ် အမ်းမြို့နယ်၌ စားသုံးသူရေးရာဦးစီးဌာနမှ ဝန်ထမ်းများ၊ အခြား မိတ်ဖက် ဌာန/အဖွဲ့အစည်းများဖြစ်သော အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်ရဲတပ်ဖွဲ့၊ စည်ပင်၊ ကျန်းမာ ရေး၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့်ပူပေါင်းကာ အောက်တိုဘာလ(၅)ရက်နေ့ တပ်တောင်မြို့ ၊ အမှတ်(၃)ရပ်ကွက်၊ ဈေးအပြင်တန်းအတွင်းရှိ  ဆေးဆိုင်(၇)ဆိုင်အား ရှောင်သခင်စစ်ဆေးခဲ့ရာ FDA မှတားမြစ်ထုတ်ပြန်ထားသော သစ္စာရှင်နှင့်ရွှေဆေးအမှတ်တံဆိပ် အဆစ်အမြစ်နာ အကိုက်အခဲ ပြောက်ဆေး(၆၅၇)ထုပ်အား သိမ်းဆည်းရမိခဲ့သည်။

 

၎င်းသိမ်းဆည်းရမိခဲ့သော သစ္စာရှင်နှင့်ရွှေဆေးအမှတ်တံဆိပ် အဆစ်အမြစ်နာ အကိုက်အခဲ ပြောက်ဆေး(၆၅၇)ထုပ်အား အောက်တိုဘာလ(၂၃)ရက်နေ့က မီးရှို့ဖျက်ဆီးခဲ့ကြကြောင်း သိရှိရသည်။

 

မြို့နယ်ပြန်/ဆက်