အမ်း    ၉   မေ

         

ရခိုင်ပြည်နယ်၊ ကျောက်ဖြူခရိုင်၊ အမ်းမြို့နယ်တွင် ဒေသခံတောင်သူများအနေဖြင့် နှစ်ရှည်ပင်ဖြစ်သော သီဟိုဠ်ပင်ကို စီးပွားဖြစ်စိုက်ပျိုးကြရာ ကိုဗစ်-၁၉ ကူးစက်ရောဂါ ဖြစ်ပွားနေချိန်ဖြစ်သဖြင့် သီဟိုဠ်စေ့များကို လာရောက်ဝယ်ယူသူနည်းပါးမှုကြောင့် ဈေးအနိမ့်ဖြင့်‌ ရောင်းချလျက်ရှိကြောင်း သိရသည်။

           

အဆိုပါ သီဟိုဠ် စိုက်ပျိုးတောင်သူ ဦးမောင်မောင်က ယခင်နှစ်တွင် သီဟိုစေ့(၁)ပိဿာကို ၃၇၀၀ ကျပ်ဖြစ်ပြီး ယခုနှစ် သီဟိုဠ်စေ့(၁)ပိသာကို(၁၃၀၀ကျပ်ဖြစ်၍ စျေးအနိမ့်ဖြင့် ရောင်းချနေရကြောင်း ပြောကြားခဲ့သည်။

           

အမ်းမြို့နယ်အတွင်းတွင် သီဟိုဠ်ပင်များကို ဒိုင်ကြီးကျေးရွာ၊ ရွာသာရွာ၊ မဲလက်မောင်း၊ ကဇုကိုင်း၊ ဒါးလက်၊ စိန်ပိုက်၊ တပ်တောင်၊ ကျောက်မြောင်း၊ ချစ်ပုံမ၊ ဘုတ်ချောင်းကျေးရွာများ၌ အများဆုံးစိုက်ပျိုးကြောင်း သိရသည်။

 

စိုးမင်းထွန်း (မြို့နယ်ပြန်/ဆက်)