အမြင့် ပေ(၃၀)ခန့်ရှိ သစ်ပင်တက်ခုတ်ရင်း သတိလစ်နေသူအား မီးသတ်တပ်ဖွဲ့ဝင်များက အသက်ကယ်တင်နိုင်ခဲ့

ကျောင်းကုန်း ၁၈ မေ 

 

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကျောင်းကုန်းမြို့နယ်၊ အမှတ်(၂)ရပ်ကွက်၊ ကျန်စစ်သား(၁)လမ်းတွင် အမြင့် ပေသုံးဆယ်ခန့်ရှိ မလေးရှားပိတောက်ပင်အား သစ်ကိုင်းတက်ချိုင်သူ ကိုမြင့်အေး မှာ သစ်ပင်ပေါ်တွင် သတိလစ်နေသဖြင့် မြို့နယ် မီးသတ်ဦးစီးဌာနမှ တပ်ဖွဲ့ဝင်များက သက်စွန့်ကြိုးပမ်း ကယ်တင်နိုင်ခဲ့ပြီး၊ မြို့နယ်ကြက်ခြေနီ လူနာတင်ယာဉ်ဖြင့် ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ကာ ဆေးကုသမှု ခံယူစေခဲ့ကြောင်း သိရသည်။

 

ဝင်းကြိုင်(ပြန်/ဆက်)