မလှိုင် ၂၄ ဒီဇင်ဘာ

 

မန္တလေးတိုင်းဒေသကြီး မလှိုင်မြို့နယ် ခြေလျင်နှင့် တောင်တက်အသင်းမှ အမြင့်ပေ ၄၉၈၁ ပေရှိသော ပုပ္ပါးတောင်မကြီးအား ဒီဇင်ဘာ ၂၅ ရက်တွင် တက်ရောက်မည်ဖြစ်ကြောင်း မလှိုင်မြို့နယ် ခြေလျင်နှင့် တောင်တက်အသင်းမှ သိရသည်။

 

7

 

မလှိုင်မြို့နယ် ခြေလျင်နှင့် တောင်တက်အသင်းအနေဖြင့် အမြင့် ၄၉၈၁ ပေရှိသော ပုပ္ပါးတောင်မကြီးအား တက်ရောက်ရန် လေ့ကျင့်မှုများ ဆောင်ရွက်ပြီးစီးကာ ဒီဇင်ဘာ ၂၅ ရက် နံနက် နာရီခန့်တွင် စတင်ထွက်ခွာမည်ဖြစ်ကြောင်း မလှိုင်မြို့နယ် ခြေလျင်နှင့် တောင်တက်အသင်းဥက္ကဋ္ဌ ဦးခင်မောင်ဦးထံမှ သိရသည်။

 

မလှိုင်မြို့နယ် ခြေလျင်နှင့် တောင်တက်အသင်းကို ၂၀၁၇ ခုနှစ်တွင် ဖွဲ့စည်းခဲ့ပြီး ယင်းနှစ် နိုဝင်ဘာလနှင့် ၂၀၁၈ ခုနှစ် ဒီဇင်ဘာလအတွင်း ပုပ္ပါးတောင်မကြီးအား လည်းကောင်း၊ ၂၀၁၈ ဇန်နဝါရီလအတွင်း တောင်သာမြို့ရှိ တောင်သာတောင်နှင့် စစ်ကိုင်တိုင်းအတွင်းရှိ နတ်မတောင်တို့အား တက်ရောက်ခဲ့ကြောင်း သိရသည်။

 

မလှိုင်မြို့နယ် ခြေလျင်နှင့် တောင်တက်အသင်းတွင် လက်ရှိအချိန်တွင် အင်အား ၂၀ ဦးခန့်ရှိကာ စိတ်ပါဝင်စားသူများဖြင့် ဖွဲစည်းထားပြီး မိမိတို့ကိုယ်ပိုင်ငွေဖြင့် တောင်တက်ခြင်းဖြစ်ပြီး ၂၀၂၀ ခုနှစ် ဇန်နဝါရီလအတွင်း၌ ကူမဲမြို့ရှိ ပြက္ခရွေ့တောင်အား က်ရောက်မည်ဖြစ်သည်။

 

8

 

မလှိုင်မြို့နယ် ခြေလျင်နှင့် တောင်တက်အသင်းကို ခြေလျင်နှင့် တောင်တက်အားကစား ဖွံ့ဖြိုးလာစေရန်၊ ကျန်းမာကြံ့ခိုင်မှုစည်းလုံးမှုဇွဲရှိမှုနှင့် ပန်းတိုင်ဆိုသော ရည်မှန်းချက်ကို အကောင်အထည်ဖော်ဆောင်ရွက်သည့် အလေ့အကျင့်ကောင်းများ ရရှိစေရန်နှင့် ခြေလျင်တောင်တက် အားကစားကို မြတ်နိုးလာစေရန် စသည့်ရည်ရွယ်ချက်များဖြင့် ဖွဲ့စည်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

 

ဘိုဘို(မလှိုင်)