အမြန်လမ်းမကြီး မိုင် ၂၈၇ အနီး ယာဉ်တိမ်းမှောက်၍ သံဃာတော် တစ်ပါးပျံတော်မူပြီး အမျိုးသမီးတစ်ဦး သေဆုံးကာ  ၃ ဦးဒဏ်ရာရရှိခဲ့

မိတ္ထီလာ ၁၅  ဖေဖော်ဝါရီ 


မန္တလေးတိုင်းဒေသကြီး မိတ္ထီလာမြို့နယ် ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး မိုင်တိုင်အမှတ် ၂၈၇ / ၃ နှင့် ၂၈၇ / ၄ အကြားတွင် ဖေဖော်ဝါရီ ၁၅ ရက် ညနေ  ၃ နာရီက မော်တော်ယာဉ်တစ်စီး တိမ်းမှောက်၍ ယာဉ်ပေါ်တွင် ပါရှိသည့် သံဃာတော် ၁ ပါး ပျံတော်မူပြီး အမျိုးသမီးတစ်ဦး သေဆုံးကာ လူ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။


ဖြစ်စဉ်မှာ နေပြည်တော်မှ မန္တလေးဘက်သို့ ယာဉ်မောင်း အောင်ခိုင်စိုး ၃၉ နှစ် မောင်းနှင်လာသည့် YGN 6k /----- TOYOTA SUCCEED အဖြူရောင် မော်တော်ယာဉ်မှာ အခင်းဖြစ်ပွားရာ နေရာတွင် အရှိန်မထိန်းနိုင်ဘဲ တိမ်းမှောက်ခဲ့သည်။ ယာဉ်တိမ်းမှောက်မှုကြောင့် ယာဉ်ပေါ်တွင်လိုက်ပါလာသည့် ထိခိုက်ဒဏ်ရာများ ရရှိကာ ဘဒ္ဒန ္တပညာဇောတ သက်တော် ၇၁ နှစ် ၊ ဝါတော် ၂၁ ဝါ  ပျံတော်မူပြီး ၊ မစိုးငြိမ်းချမ်းသော် (ခ) မမေသြင်္ကန်မိုး ၂၁ နှစ် သေဆုံး ခဲ့သည်။ 


ယာဉ်မောင်းဖြစ်သူ အောင်ခိုင်စိုး နှင့် အခြားအမျိုးသမီးနှစ်ဦး  စုစုပေါင်း ၃ ဦး ထိခိုက်ဒဏ်ရာများရရှိခဲ့သည်။ ထိခိုက်ဒဏ်ရာရရှိသူများကို မိတ္ထီလာပြည်သူ့ ဆေးရုံကြီးသို့ တာဝန်ရှိသူများက ဆေးကုသမှုခံယူနိုင်ရန် ဝိုင်းဝန်း ပို့ဆောင်ပေးခဲ့သည်။ ယာဉ်တိမ်းမှောက်မှုအတွက် ယာဉ်မောင်း အောင်ခိုင်စိုးအား  သီးကုန်း အမြန်လမ်းမကြီးရဲစခန်းက အမှုဖွင့် အရေးယူထားကြောင်း သိရသည်။


ချမ်းသာ ( မိတ္ထီလာ)