နေပြည်တော် ၁၅ မေ

 


မေ ၁၄ ရက် နံနက် ၁၁ နာရီ မိနစ် ၅၀ ခန့်က ရန်ကုန်-နေပြည်တော် အမြန်လမ်းမကြီး မိုင်တိုင်အမှတ် (၁၈၁/၃-၄)ကြားတွင် ယာဉ်တိုက်မှုဖြစ်ပွားကြောင်း သတင်းအရ သာဂရအမြန်လမ်းမကြီးရဲစခန်းမှ တပ်ဖွဲ့ဝင်များက သက်သေများနှင့်အတူ သွားရောက်စစ်ဆေးခဲ့သည်။
    

 

ဖြစ်စဉ်မှာ ရန်ကုန်ဘက်မှ နေပြည်တော်ဘက်သို့ သာကေတမြို့နယ် (၂၉) ရပ်ကွက်နေ ကိုသက်နိုင်ဦး (၄၁)နှစ် မောင်းနှင်ပြီး နေပြည်တော်နေ မအေးမြသက် (၃၂)နှစ်နှင့် ဒေါ်ထွေးထွေးဝင်း (၅၂)နှစ်တို့(၂)ဦး လိုက်ပါလာသော 1I/×××× LANDCRUISER ယာဉ်သည် လမ်းအလုပ်သမားများအား ရေဘူးပေးရန်အတွက် လမ်းယာဘက်ခြမ်းတွင် ရုတ်တရက် ရပ်တန့်လိုက်စဉ် မတ္တရာမြို့နယ်၊ ရတနာဘုမ္မိရွာနေ ဝဏ္ဏကျော် (၃၅)နှစ်မောင်းနှင်ပြီး ခရီးသည်(၄၄)ဦး လိုက်ပါလာသော 4I/×××× YUTONG ခရီးသည်တင်ယာဉ်မှ အရှိန်မထိန်းနိုင်ဘဲ ဝင်ရောက်တိုက်မိခဲ့သဖြင့် YUTONG ယာဉ်ပေါ်မှ စလင်းမြို့နယ်နေ ဦးမှတ်တင်ပါ (၇)ဦးနှင့် LANDCRUISER ယာဉ်ပေါ်မှ သက်နိုင်ဦးပါ (၃)ဦးတို့တွင် ဒဏ်ရာများရရှိခဲ့သောကြောင့် ယာဉ်မဆင်မခြင်မောင်းနှင်သူ ဝဏ္ဏကျော်အား သာဂရအမြန်လမ်းမကြီးရဲစခန်း ယာဉ်(ပ)၁၇/ ၂၀၁၉၊ ရာဇသတ်ကြီးပုဒ်မ ၃၃၈/၃၃၇ ဖြင့် အရေးယူထားကြောင်း ရဲတပ်ဖွဲ့ သတင်းထုတ်ပြန်ချက်အရ သိရှိရသည်။

 


MDN