အမြန်လမ်း၌ သတ်မှတ်မိုင်းနှုန်းထက် ပိုမိုမောင်းနှင်လာသော ယာဉ် ၄၁၂၂ စီးအား အရေးယူထား

နေပြည်တော် ၁၉ ဧပြီ

 

၂၀၁၉ ခုနှစ်၊ ဧပြီလ ၁၇ ရက်နေ့ ည ၆ နာရီမှ ၁၈ ရက်နေ့ ညနေ ၅ နာရီအချိန်ထိ ရန်ကုန်- မန္တလေးအမြန်လမ်း(၂၀၁)မိုင် နေပြည်တော်တိုးဂိတ်၌ သတ်မှတ်မိုင်နှုန်းထက် ပိုမိုမောင်းနှင်လာသော မော်တော်ယာဉ်(၂၀)စီး၊ ဖြူးမြို့နယ်၊ ဖြူးတိုးဂိတ်၌ မော်တော်ယာဉ်(၂၁)စီး၊ လှည်းကူးမြို့နယ်၊ အမှတ်(၃)လမ်းဆုံတိုးဂိတ်၌ မော်တော်ယာဉ်(၈)စီး၊ မိတ္ထီလာမြို့နယ်၊ သီးကုန်းတိုးဂိတ်၌ မော်တော်ယာဉ်(၉)စီး၊ တံတားဦးမြို့နယ်၊ စကားအင်းတိုးဂိတ်၌ မော်တော်ယာဉ်(၁၂)စီး စုစုပေါင်း(၇၀)စီး ဖမ်းဆီးခဲ့ပြီး ယာဉ်စည်းကမ်းတရားရုံးများသို့ တရားစွဲတင်ပို့သွားမည်ဖြစ်ကြောင်း နှင့် ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့မှ ဧပြီလ ၁၈ ရက်နေ့အထိ သတ်မှတ်မိုင်နှုန်းထက်ပိုမိုမောင်းနှင်လာသော ယာဉ်(၄၁၂၂)စီးအား ဖမ်းဆီးအရေးယူခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနမှ သတင်းရရှိသည်။

 

MDN