နေပြည်တော်၊ ၁၀ ဇန်နဝါရီ
ရန်ကုန်-မန္တလေးအမြန်လမ်းမကြီးပေါ်၌ အမြန်လမ်းမကြီး ရဲတပ်ဖွဲ့ဝင်များသည် ဇန်နဝါရီ ၈ ရက်နေ့ ညနေ ၅ နာရီအချိန်မှ ဇန်နဝါရီ ၉ ရက်နေ့ ညနေ ၅ နာရီအချိန်ထိ ယာဉ်စည်းကမ်း စစ်ဆေးခြင်းများ ဆောင်ရွက်နေစဉ် အမှတ်(၃)တိုးဂိတ်၌ သတ်မှတ်မိုင်နှုန်းထက် ပိုမိုမောင်းနှင်သော မော်တော်ယာဉ် ၄ စီး၊ ဖြူးတိုးဂိတ်၌ မော်တော်ယာဉ် ၅ စီး၊ သီးကုန်းတိုးဂိတ်၌ မော်တော်ယာဉ် ၄ စီး၊ စကားအင်းတိုးဂိတ်၌ ၉ စီး၊ စုစုပေါင်း ၂၂ စီး ဖမ်းဆီးရမိခဲ့ပြီး သက်ဆိုင်ရာ ယာဉ်စည်းကမ်းတရားရုံးများသို့ တရားစွဲတင်ပို့သွားမည်ဖြစ်ကြောင်း ရဲပြန်ကြားမှ သတင်းရရှိသည်။
(သတင်းစဉ်)