အမြန်လမ်း၌ သတ်မှတ်မိုင်နှုန်းထက် ပိုမိုမောင်းနှင်သောယာဉ်များ အရေးယူထား

နေပြည်တော် ၂၇ ဒီဇင်ဘာ

 

အမြန်လမ်းမကြီးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့က ဒီဇင်ဘာလ ၂၅ ရက်နေ့ ည ၆ နာရီမှ ဒီဇင်ဘာလ ၂၆ ရက်နေ့ ညနေ ၅ နာရီအထိ ရန်ကုန်-မန္တလေး အမြန်လမ်းပေါ်တွင် မောင်းနှင်လျက်ရှိသည့် ယာဉ်များအား စစ်ဆေးခဲ့ရာ လှည်းကူးမြို့နယ်၊ အမှတ်(၃)လမ်းဆုံတိုးဂိတ်၌ သတ်မှတ်မိုင်နှုန်းထက် ပိုမိုမောင်းနှင်သော မော်တော်ယာဉ် ၁ စီး၊ ဖြူးတိုးဂိတ်၌ မော်တော်ယာဉ် ၃ စီး၊ နေပြည်တော်တိုးဂိတ်၌ မော်တော်ယာဉ် ၁၃ စီး၊ စကားအင်းတိုးဂိတ်၌ မော်တော်ယာဉ် ၃ စီး၊ စုစုပေါင်း အစီး ၂၀ ဖမ်းဆီးရမိခဲ့ပြီး သက်ဆိုင်ရာ ယာဉ်စည်းကမ်း တရားရုံးများသို့ တရားစွဲတင်ပို့သွားမည် ဖြစ်ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။

 

ရဲပြန်ကြား