နေပြည်တော်၊ ၁၁ ဒီဇင်ဘာ
အမြန်လမ်းမကြီးရဲတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဒီဇင်ဘာ ၉ ရက် ညနေ ၅ နာရီ မှ ဒီဇင်ဘာ ၁၀ ရက် ညနေ ၅ နာရီအထိ ယာဉ်စည်းကမ်းစစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ ဆောင်ရွက်စဉ် ရန်ကုန်-မန္တလေး အမြန်လမ်း အမှတ်(၃)တိုးဂိတ်၌ သတ်မှတ်မိုင်နှုန်းထက် ပိုမို မောင်းနှင်သည့် မော်တော်ယာဉ် ၅ စီး၊ သီးကုန်းတိုးဂိတ်၌ မော်တော်ယာဉ် ၃ စီး၊ စုစုပေါင်း ၈ စီး ဖမ်းဆီးရမိခဲ့ပြီး သက်ဆိုင်ရာယာဉ် စည်းကမ်းတရားရုံးများသို့ တရားစွဲတင်ပို့မည်ဖြစ်ကြောင်း သိရသည်။
ရဲပြန်ကြား