နေပြည်တော်  ၁၈ ဇွန်

၂၀၁၉ ခုနှစ်၊ ဇွန် ၁၆ ရက် ည ၆ နာရီမှ ဇွန် ၁၇ ရက် ညနေ ၅ နာရီထိ  မိတ္ထီလာမြို့နယ် သီးကုန်းတိုးဂိတ်၌ သတ်မှတ်မိုင်နှုန်းထက် ပိုမိုမောင်းနှင်သော မော်တော်ယာဉ် ၆ စီးအား ဖမ်းဆီးခဲ့ပြီး ယာဉ်စည်းကမ်းတရားရုံးသို့ တရားစွဲ တင်ပို့မည်ဖြစ်ကြောင်းနှင့် ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်မှ ဇွန် ၁၇ ရက်အထိ သတ်မှတ်မိုင်နှုန်းထက် ပိုမိုမောင်းနှင်သော မော်တော်ယာဉ်အစီးရေ ၅၈၃၀ အား ဖမ်းဆီး အရေးယူခဲ့ကြောင်း သိရသည်။

အလားတူ ဇွန် ၁၆ ရက် ည ၆ နာရီမှမှ ဇွန် ၁၇ ရက် ညနေ ၅ နာရီအချိန်ထိ ရန်ကုန်-မန္တလေး အမြန်လမ်း တံတားဦးမြို့နယ်၊ စကားအင်းတိုးဂိတ်၌ ခါးပတ်မပတ်ဘဲ မောင်းနှင်သော မော်တော်ယာဉ် ၁ စီးအား ဖမ်းဆီးခဲ့ပြီး ယာဉ်စည်းကမ်း တရားရုံးသို့ တရားစွဲတင်ပို့ သွားမည် ဖြစ်ကြောင်းနှင့် ၂၀၁၉  ခုနှစ်၊  ဇန်နဝါရီ ၁ ရက်နမှ ဇွန် ၁၇ ရက်အထိ ခါးပတ်မပတ်ဘဲ မောင်းနှင်သော မော်တော်ယာဉ်အစီး ၁၀ဝ အား ဖမ်းဆီးအရေးယူခဲ့ပြီးဖြစ်ကြောင်း သိရသည်။

(ရဲပြန်ကြား)