နေပြည်တော် ၂၁ ဖေဖော်ဝါရီ 

 

ဖေဖော်ဝါရီ ၁၉ ရက် ည ၆ နာရီမှ ၂၀ ရက် ညနေ ၅ နာရီအထိ ရန်ကုန်-မန္တလေး အမြန်လမ်း (၂၀၁)မိုင် နေပြည်တော်တိုးဂိတ်၌ သတ်မှတ်မိုင်နှုန်းထက် ပိုမိုမောင်းနှင်သော မော်တော်ယာဉ်(၁၀)စီး၊ ဖြူးမြို့နယ် ဖြူးတိုးဂိတ်၌ မော်တော်ယာဉ်(၉)စီး၊ တံတားဦးမြို့နယ် စကားအင်းတိုးဂိတ်၌ မော်တော်ယာဉ်(၁၄)စီး၊ လှည်းကူးမြို့နယ် အမှတ်(၃)လမ်းဆုံ တိုးဂိတ်၌ မော်တော်ယာဉ်(၂)စီး စုစုပေါင်း(၃၅)စီး ဖမ်းဆီးခဲ့ပြီး ယာဉ်စည်းကမ်း တရားရုံးများသို့ တရားစွဲတင်ပို့သွားမည်ဖြစ်ကြောင်းနှင့် ဇန်နဝါရီ ၁ ရက်မှ ဖေဖော်ဝါရီ ၂၀ ရက်အထိ သတ်မှတ်မိုင်နှုန်းထက် ပိုမိုမောင်းနှင်သောယာဉ် (၁၈၀၁)စီး ဖမ်းဆီးအရေးယူခဲ့ကြောင်း ရဲတပ်ဖွဲ့ သတင်းထုတ်ပြန်ချက်အရ သိရှိရသည်။

 

အလားတူ ဖေဖော်ဝါရီ ၁၉ ရက် ည ၆ နာရီမှ ၂၀ ရက် ညနေ ၅ နာရီအထိ ရန်ကုန်-မန္တလေး အမြန်လမ်း တံတားဦးမြို့နယ် စကားအင်းတိုးဂိတ်၌ ခါးပတ်မပတ်ဘဲ မောင်းနှင်သော မော်တော်ယာဉ် (၁)စီးအား ဖမ်းဆီးခဲ့ပြီး ယာဉ်စည်းကမ်းတရားရုံးသို့ တရားစွဲတင်ပို့သွားမည်ဖြစ်ကြောင်းနှင့် ဇန်နဝါရီ ၁ ရက်မှ ဖေဖော်ဝါရီ ၂၀ ရက်အထိ ခါးပတ်မပတ်ဘဲ မောင်းနှင်သော ယာဉ်(၂၅)စီး ဖမ်းဆီးအရေးယူခဲ့ကြောင်း သတင်းရရှိသည်။

 

MDN