နေပြည်တော် ၈ မတ်

အမြန်လမ်းမကြီး ရဲတပ်ဖွဲ့ဝင်များသည် မတ် ၆ ရက် ညနေ ၅ နာရီမှ မတ် ၇ ရက် ညနေ ၅ နာရီထိ ယာဉ်စည်းကမ်းစစ်ဆေးခြင်းများ ဆောင်ရွက်စဉ် သတ်မှတ်မိုင်နှုန်းထက် ပိုမိုမောင်းနှင်သော မော်တော်ယာဉ် ၃၃ စီးနှင့် ထိုင်ခုံခါးပတ်မပတ်ဘဲ မောင်းနှင်သော မော်တော်ယာဉ် ၁ စီးတို့အား ဖမ်းဆီးခဲ့ကြောင်း သိရသည်။

ဖမ်းဆီးရရှိမှုအနေဖြင့် ရန်ကုန်-မန္တလေးအမြန်လမ်း လှည်းကူးမြို့နယ်၊ အမှတ်(၃)လမ်းဆုံ တိုးဂိတ်၌ သတ်မှတ်မိုင်နှုန်းထက် ပိုမိုမောင်းနှင်သော မော်တော်ယာဉ် ၃ စီး၊ ဖြူးတိုးဂိတ်၌ မော်တော်ယာဉ် ၁၂ စီး၊ နေပြည်တော်တိုးဂိတ်၌ မော်တော်ယာဉ် ၉ စီး၊ စကားအင်းတိုးဂိတ်၌ မော်တော်ယဉ် ၉ စီး စုစုပေါင်း ၃၃ စီးနှင့် ထိုင်ခုံခါးပတ်မပတ်ဘဲ မောင်းနှင်သော မော်တော်ယာဉ် ၁ စီးတို့အား ဖမ်းဆီးခဲ့ပြီး သက်ဆိုင်ရာ ယာဉ်စည်းကမ်း တရားရုံးများသို့ တရားစွဲတင်ပို့မည်ဖြစ်ကြောင်း သတင်းရရှိသည်။

MDN
Source: ရဲပြန်ကြား