နေပြည်တော် ဧပြီ ၂၄

ယနေ့ နံနက် ၅ နာရီခွဲခန့်က ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး၊ မိုင်တိုင်အမှတ် (၉၉/၄)နှင့် (၉၉/၅) ကြားတွင် ခရီးသည်တင်ယာဉ်(၁)စီး ရှေ့ဝဲဘက်ဘီးပေါက်၍ လမ်းလယ်ကျွန်းတံတားအနီး ကာရံထားသော Barrier တုံးများအား ဝင်ရောက်တိုက်မိပြီး လမ်းလယ်ကျွန်းတံတားအောက် ရေမြောင်းအတွင်းသို့ ထိုးကျတိမ်းမှောက်မှု ဖြစ်ပွားကြောင်း သိရှိရသည်။

ယာဉ်တိမ်းမှောက်ရာနေရာသို့ မြို့ချောင်း အမြန်လမ်းမီးသတ်စခန်းမှ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ သက်ဆိုင်ရာ အဖွဲ့အစည်းများနှင့် ပူးပေါင်း၍ ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ပြီး ဖြစ်စဉ်ကြောင့် ယာဉ်ပေါ်ပါ အမျိုးသား (၂၀)ဦး၊ အမျိုးသမီး (၃၂)ဦးအနက် အမျိုးသား (၁)ဦး ထိခိုက်ဒဏ်ရာရ (စိုးရိမ်ရ)၊ အမျိုးသား (၃)ဦးနှင့် အမျိုးသမီး (၆)ဦး ထိခိုက်ဒဏ်ရာရ(မစိုးရိမ်ရ)တို့အား မြို့ချောင်း တိုက်နယ်ဆေးရုံသို့ ကူညီပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

Credit – MFSD