နေပြည်တော် ၁၂ သြဂုတ်
ရန်ကုန်-နေပြည်တော်အမြန်လမ်း၊ မိုင်တိုင်အမှတ် (၁၉၆/၂)တွင် ယနေ့ ညနေ ၃ နာရီ မိနစ် ၂၀ ခန့်က နေပြည်တော်မှရန်ကုန်သို့ မောင်းနှင်လာသော Light Truck ယာဉ်(၁)စီး အရှိန်လွန်တိမ်းမှောက်မှု ဖြစ်ပွားကြောင်း သတင်းရရှိသဖြင့် ပလွေးအမြန်လမ်းမီးသတ်စခန်းမှ သွားရောက်ကူညီဆောင်ရွက်ခဲ့ပြီး ယာဉ်ပေါ်ပါ ကျား(၅)ဦး၊ မ(၂)ဦး၊ စုစုပေါင်း(၇)ဦးအနက် ထိခိုက်ဒဏ်ရာရရှိသူ ကျား(၂)ဦး၊ မ(၂)ဦး၊ စုစုပေါင်း(၄)ဦးအား နေပြည်တော်ကုတင်(၁၀ဝ၀)ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဦးစီးဌာနမှ သိရသည်။
MDN
ဓာတ်ပုံ-Myanmar Fire Service