နေပြည်တော် ၂၂ ဇူလိုင်


ယနေ့ နံနက် ၁၁ နာရီ ၁၅ မိနစ်ခန့်က ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး မိုင်တိုင်အမှတ် (၁၄၃/၄) နှင့် (၁၄၃/၅) ကြားတွင် နေပြည်တော်ဘက်မှ ရန်ကုန်ဘက်သို့ မောင်းနှင်လာသော Faw ကား (အပြာရောင်) အား probox (အဖြူရောင်)မှ နောက်မှဝင်တိုက်မိမှု ဖြစ်ပွားခဲ့ကြောင်း Myanmar Fire Services Departmentမြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့ သတင်းထုတ်ပြန်ချက်အရ သိရသည်။


ဖြစ်စဉ်ဖြစ်ပွားရာသို့ ဗောဓိကုန်းအမြန်လမ်း မီးသတ်စခန်းမှ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ရာ Probox ယာဉ်ပေါ်ပါ အမျိုးသား (၂)ဦး၊ အမျိုးသမီး (၃)ဦး စုစုပေါင်း (၅)ဦးအနက် အမျိုးသမီး (၁)ဦးသေဆုံးပြီး အမျိုးသား (၁)ဦး၊ အမျိုးသမီး (၁)ဦး ဒဏ်ရာရ(စိုးရိမ်ရ)တို့အား နာရေးကူညီမှုအသင်း(တောင်ငူ)နှင့် ရှင်ရေးကူညီမှုအသင်းမှ လူနာတင်ယာဉ်များဖြင့် တောင်ငူပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း သတင်းရရှိသည်။


MDN
ဓာတ်ပုံ- Myanmar Fire Services Department