အမရပူရမြို့ မဟာဝိဇယရံသီ ပုထိုးတော်ကြီးမြတ်စွာဘုရား၏ ရတနာစိန်ဖူးတော်၊ ငှက်မြတ်နားတော်အသစ် အထွဋ်တင်လှူပူဇော်ပွဲ ကျင်းပမည်

နေပြည်တော်  ၁၆  ဖေဖော်ဝါရီ 

 

မန္တလေးတိုင်းဒေသကြီး အမရပူရမြို့ မဟာဝိဇယရံသီ ပုထိုးတော်ကြီး မြတ်စွာဘုရား၏ ရတနာစိန်ဖူးတော်၊ ငှက်မြတ်နားတော်အသစ် အထွဋ်တင်လှူပူဇော်ပွဲကို ဖေဖော်ဝါရီ ၁၉ ရက် (တပို့တွဲလပြည့်နေ့)တွင် စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

 

အဆိုပါ ပုထိုးတော်ကြီးကို ဘကြီးတော်စစ်ကိုင်းမင်းက ကောဇာသက္ကရာဇ် ၁၁၈၁ ခုနှစ် တွင် စတင်တည်ထားခဲ့ပြီး ၂၀၁၅ ခုနှစ် မေ ၈ ရက်က မိုးသက်လေပြင်းတိုက်ခတ်မှုကြောင့် ပိန္နဲတိုင်သုံးပိုင်းကျိုးပြတ်၍ စိန်ဖူးတော်၊ ငှက်မြတ်နားတော်နှင့် ထီးတော်ဘုံလေးဆင့်တို့ မြေခ ပျက်စီးခဲ့ပြီး ရွှေထီးတော်အသစ်တင်လှူပူဇော်ရာတွင် ကြီးမားသည့် ရှေးဟောင်းပုထိုးတော် ကြီးဖြစ်သည့်အတွက် အထက်ဌာပနာတော်သွင်း မင်္ဂလာပူဇော်ခြင်း၊ ပန်းလည်တိုင်စိုက်ထူ ခြင်း၊ ရွှေထီးတော်အသစ် ဘုံကိုးဆင့်တင်လှူခြင်းတို့ကို အဆင့်အလိုက် ဆောင်ရွက်ခဲ့ကြသည်။

 

မဟာဝိဇယရံသီ ပုထိုးတော်ကြီး မြတ်စွာဘုရားကို ယခုကဲ့သို့ ရွှေထီးတော်အသစ် တင်လှူပူဇော်ခြင်းသည် သတ္တမအကြိမ်မြောက် တင်လှူပူဇော်ခြင်းဖြစ်ပြီး ရွှေထီးတော်အသစ် တင်လှူပူဇော်ရေးနှင့် ဘက်စုံပြုပြင်မွမ်းမံရေးလုပ်ငန်းများကို မန္တလေးတိုင်းဒေသကြီး အစိုးရ အဖွဲ့မှ ဦးဆောင်ကာ အများပြည်သူများ၏ လှူဒါန်းမှုနှင့် အမရပူရမြို့ပြ ဖွံ့ဖြိုးရေးစီမံကိန်း ဆောင်ရွက်နေသော Mandalay Business Capital City Development Ltd တို့ ပူးပေါင်း ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။ 

 

(မဟန်နီ)

 

IMG_5