မန္တလေး ၁၂ ဧပြီ
မန္တလေးတိုင်းဒေသကြီး အမရပူရမြို့နယ် စည်ပင်ရွာတွင် ယနေ့ ည ၈ နာရီခန့်က မီးလောင်မှုဖြစ်ပွားသဖြင့် Level 3 ယာဉ်အုပ်စုများဖြင့် ထွက်ခွာငြှိမ်းသတ်ခဲ့ရကြောင်း မီးသတ်ဦးစီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။
အမရပူရမြို့နယ် စည်ပင်ရွာတွင် ယနေ့ ည ၈ နာရီခန့်က မီးလောင်မှုဖြစ်ပွားကြောင်း သတင်းရရှိသဖြင့် level 1 ယာဉ်အုပ်စုများ ထွက်ခွာငြှိမ်းသတ်ခဲ့ရာ ည ၈ နာရီ ၂၀ မိနစ်တွင် level 2 ယာဉ်အုပ်စုဖြင့်လည်းကောင်း၊ ည ၈ နာရီ ၂၃ မိနစ်တွင် level 3 ယာဉ်အုပ်စုများဖြင့်လည်းကောင်း ထွက်ခွာငြှိမ်းသတ်ခဲ့ရာ ည ၈ နာရီ ၃၅ မိနစ်တွင် မီးထိန်းနိုင်ခဲ့ပြီး ည ၈ နာရီ ၄၅ မိနစ်တွင် မီးငြိမ်းနိုင်ခဲ့ကြောင်း သိရသည်။
MDN


