ဘားအံ၊ ၃ ဒီဇင်ဘာ
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၏ ကြီးကြပ်မှုဖြင့် ကရင်ပြည်နယ်၊ ဘားအံမြို့နယ်ရှိ အမှတ်(၁) ဘိလပ်မြေစက်ရုံ တန် ၉၀၀ (မြိုင်ကလေး) ငွေစုငွေချေးသမဝါယမ အသင်းလီမိတက်က ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နေသည့် ကာလအတွင်း အသင်းသားများ၏ စားဝတ်နေရေးအတွက် အထောက်အကူ ဖြစ်စေရန် ရည်ရွယ်၍ အသင်းသား (၄၉၈)ဦးသို့ စုဆောင်းငွေအပေါ် အတိုးငွေကျပ် (၄၇၅၅၃၅၃၈)၊ အသင်းသားဝေစုအဖြစ် ငွေကျပ် (၁၄၉၄၀၀၀၀)နှင့် အသင်းသား၊ အသင်းသူများ၏ သားသမီးတို့အတွက် ပညာသင်စရိတ် ငွေကျပ် (၂၅၀၀၀၀)တို့အား ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားသည့် လမ်းညွှန်ချက်များနှင့်အညီ ထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်


