အမှတ်(၁၈)ယာဉ်ထိန်းရဲ ဒုတပ်ဖွဲ့ခွဲသို့ ရှေ့ပြေးမီးတန်း ဆိုင်ကယ်များ လှူဒါန်း

တောင်ကြီး    ၉    ဇန်နဝါရီ        


မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ယာဉ်ထိန်းရဲတပ်ဖွဲ့ အမှတ်(၁၈)ယာဉ်ထိန်းရဲ ဒုတပ်ဖွဲ့ခွဲ၊ ရှမ်းပြည်နယ်(တောင်ပိုင်း)သို့ AUNG KENBO Group Companies Limited မှ KENBO (CBR-150) အမျိုးအစား ရှေ့ပြေးမီးတန်း ဆိုင်ကယ် (၅) စီးပေးအပ်လှူဒါန်းခြင်းကို ဇန်နဝါရီ ၈ ရက်က တောင်ကြီးမြို့၊ သစ်တောရပ်ကွက်ရှိ အမှတ် (၁၈) ယာဉ်ထိန်းရဲ ဒုတပ်ဖွဲ့ခွဲ (ရှမ်း/တောင်) ရုံး၌ ကျင်းပကြောင်း သိရသည်။


AUNG KENBO Group Companies Limited မှ ကိုယ်စားလှယ်ဦးဌေးအောင်က KENBO (CBR-150) အမျိုးအစား ရှေ့ပြေး မီးတန်းဆိုင်ကယ် ၅ စီး ပေးအပ်လှူဒါန်းခြင်းနှင့်ပက်သက်၍ ရှင်းလင်းပြောကြားပြီး ဆိုင်ကယ်များ ပေးအပ်လှူဒါန်းရာ ရှမ်းပြည်နယ်ရဲတပ်ဖွဲ့မှ ခေတ္တပြည်နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးကြီးစောနေလင်းက လက်ခံရယူ၍ ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်ခဲ့သည်။
ထို့နောက် ပြည်နယ်ဝန်ကြီးနှင့် တက်ရောက်လာသူများက လှူဒါန်းသော KENBO (CBR-150) အမျိုးအစား ရှေ့ပြေး မီးတန်းဆိုင်ကယ်များအား လှည့်လည်ကြည့်ရှုကြကြောင်း သိရသည်။


တောင်ကြီး ယာဉ်ထိန်းရဲတပ်ဖွဲ့အနေဖြင့် ယခင်က ဆူဇူကီးဆိုင်ကယ်(၃)စီး၊ LIFAN ဆိုင်ကယ် (၄)စီး၊ XGJAO ဆိုင်ကယ်(၂)စီး၊ ပေါင်း(၉)စီးသာရှိ၍ ယခု လိုအပ်လျှက်ရှိသော ရှေ့ပြေးမီးတန်းဆိုင်ကယ်များကို တပ်ဖွဲ့ပိုင်အဖြစ် KENBO (CBR-150) ဆိုင်ကယ် (၅) စီးလှူဒါန်းသည့်အတွက် စုစုပေါင်းဆိုင်ကယ် (၁၄) စီး ရှိပြီဖြစ်ကြောင်း သိရသည်။


မောင်မောင်သန်း(တောင်ကြီး)

 

mdn

 

mdn