မိုင်းရယ် ၂၆ ဧပြီ

 

အမှတ်(၂) လှုပ်ရှားစစ်ဗျုဟာမှ မိုင်းရယ်ပြည်သူ့ဆေးရုံနှင့် မန်မုံတိုက်နယ်ဆေးရုံများသို့ COVID-19 ကာကွယ်ရေးအတွက် ကျန်းမာရေးသုံးပစ္စည်းများ လှူဒါန်းခြင်းကို ဧပြီ ၂၃ ရက် မွန်းလွဲ ၂ နာရီခွဲက မိုင်းရယ်မြို့နယ် ပြည်သူ့ဆေးရုံတွင် ကျင်းပပြုလုပ်သည်။

 

အမှတ်(၂) လှုပ်ရှားစစ်ဗျုဟာမှူး ဒုတိယဗိုလ်မှူးကြီး တင်ထွန်းအောင်က COVID-19 ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်ရန် မိုင်းရယ်ပြည်သူ့ဆေးရုံအတွက် Mask (၄၈၀)ခု၊ PPE (၂၀)စုံ၊  တစ်ခါသုံးလက်အိတ် (၁၀၀)ခု၊ N-95 (၁၅)ခု၊ မျက်မှန်(Google) (၈)လက်၊ Hand Gel (၁၅)ဘူး၊ လက်ဆေးဆပ်ပြာရည် (၁၅)ဘူးတို့ကို ပေးအပ်ရာ မြို့နယ်ဆရာဝန်ကြီး ဒေါက်တာသီရိထွန်းက လည်းကောင်း၊ မန်မုံတိုက်နယ် ဆေးရုံသို့ Mask (၂၁၀)ခု၊ တစ်ခါသုံး လက်အိတ် (၁၀၀)ခု၊ N-95 (၁၅)ခု၊ မျက်မှန် Google (၅)လက်၊  Hand Gel (၁၅)ဘူး၊ လက်ဆေးဆပ်ပြာရည် (၁၅)ဘူးတို့ကို ပေးအပ်ရာ မန်မုံတိုက်နယ်ဆေးရုံ ကိုယ်စား လက်ထောက်ဆရာဝန် ဒေါက်တာ စိုးပြည့်စုံက လည်းကောင်း လက်ခံရယူခဲ့ကြောင်း သိရသည်။

 

မြို့နယ်(ပြန်/ဆက်)