mdn

နေပြည်တော် ၁၉ အောက်တိုဘာ

 

ကရင်ပြည်နယ်၊ ဘားအံမြို့ရှိ အမှတ်(၂၂) လုံခြုံရေးတပ်ဖွဲ့ခွဲမှ တပ်ဖွဲ့ဝင် စုစုပေါင်း(၂၀)တို့သည် ယနေ့နံနက် ၁၀ နာရီက ဘားအံမြို့ ပြည်သူ့ဆေးရုံကြီးတွင် (၆၄)ကြိမ်မြောက် စုပေါင်းသွေးလှူဒါန်းခဲ့ကြောင်း သိရသည်။

သွေးလှူဒါန်းပွဲတွင် ကရင်ပြည်နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးကြီး သန်းဝင်း၊ ဒုတိယပြည်နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးကြီး လင်းထွဋ်နှင့် အမှတ်(၂၂) လုံခြုံရေး ရဲတပ်ဖွဲ့ခွဲမှူး ယာယီဒုတိယရဲမှူးကြီး တင်ထွဋ်တို့က သွေးလှူဒါန်းသည့် တပ်ဖွဲ့ဝင်များကို အားပေးစကား ပြောကြား၍ အာဟာရဖြစ်စေမည့် အားဆေး၊ ကြက်ဥနှင့် အချိုရည်ဗူးတို့အား လိုက်လံဝေငှပေးခဲ့ကြောင်း သိရသည်။

 

ရဲပြန်ကြား