နေပြည်တော် ၂၃ နိုဝင်ဘာ

 

အမှတ်(၂၂)လုံခြုံရေးရဲတပ်ဖွဲ့ခွဲမှ တပ်ဖွဲ့ဝင်နှင့် မိသားစုဝင်များ၏ (၆၅)ကြိမ်မြောက် စုပေါင်း သွေးလှူဒါန်းပွဲကို ယနေ့ နံနက်ပိုင်းက ဘားအံပြည်သူ့ဆေးရုံကြီး၌ ပြုလုပ်သည်။

 

သွေးလှူဒါန်းပွဲသို့ ကရင်ပြည်နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးကြီး သန်းဝင်း၊ ဒုတိယပြည်နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးကြီးလင်းထွဋ်နှင့် အမှတ်(၂၂)လုံခြုံရေးရဲတပ်ဖွဲ့ခွဲ တပ်ဖွဲ့ခွဲမှူး ယာယီဒုတိယ ရဲမှူးကြီး တင်ထွဋ် တို့တက်ရောက်ကာ သွေးလှူဒါန်းသည့် တပ်ဖွဲ့ဝင်(၆၀)နှင့် မိသားစုဝင် (၈)ဦးတို့အား အားပေးစကား ပြောကြားကာ အာဟာရပြည့်အားဆေး၊ ကြက်ဥနှင့် အချိုရည်ဘူးတို့အား ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

 

(ရဲပြန်ကြား)