ဧပြီ ၂၂
ပရီမီယာလိဂ်ပွဲစဉ် ၃၃ ရဲ့ ဧပြီ ၂၀ ရက် ညပိုင်းနောက်ဆုံးပွဲစဉ် အဖြစ် ယှဉ်ပြိုင်ကစားခဲ့တဲ့ မန်စီးတီးအသင်းနဲ့ ဘရိုက်တန်အသင်း တို့ပွဲစဉ်မှာ မန်စီးတီးအသင်းက သုံးဂိုးပြတ်နဲ့ အနိုင်ရရှိခဲ့တာ ကြောင့် အမှတ်ပေးဇယားထိပ်ဆုံးကို ပြန်လည်ရောက်ရှိလာခဲ့ပြီ လည်း ဖြစ်ပါတယ်။
ဘရိုက်တန်အသင်းနဲ့ပွဲစဉ်မတိုင်မီက အမှတ်ပေးဇယား ထိပ်ဆုံးမှာ လီဗာပူးအသင်းက ဦးဆောင်နိုင်ခဲ့တာဖြစ်ပြီး မန်စီးတီးအသင်းက ဘရိုက်တန်အသင်းကို အနိုင်ရရှိခဲ့တဲ့ပွဲစဉ်မှာ မန်စီးတီးအသင်းအတွက် သွင်းဂိုးတွေကို ပွဲကစားချိန် ၅၃ မိနစ် မှာ မာရက်ဇ်၊ ၆၅ မိနစ်မှာ ဖိုဒန်နဲ့ ၈၂ မိနစ်မှာ ဘာနာဒိုဆေးလ်ဗား တို့က သွင်းယူပေးခဲ့တာ ဖြစ်ပါတယ်။
အဲဒီပွဲစဉ်ဟာ ကွင်းလယ်ကစားသမား မာရက်ဇ်အတွက် သူ့ရဲ့ကစားသမားဘဝတစ်လျှောက် ကစားခဲ့တဲ့ ပရီမီယာလိဂ် ပွဲစဉ် (၂၅၀)မြောက်ဖြစ်ပြီး ဘရိုက်တန်အသင်းကို အနိုင်ရရှိခဲ့ တာဟာ မန်စီးတီးအသင်းနည်းပြ ဂွါဒီယိုလာအတွက် ပွဲစဉ် (၂၅၀)မြောက် နိုင်ပွဲလည်း ဖြစ်လာခဲ့ပါတယ်။
မန်စီးတီးအသင်းဟာ လက်ရှိပရီမီယာလိဂ်ပွဲစဉ် ၃၂ ပွဲ ကစားပြီးချိန်မှာ ရမှတ် ၇၇ မှတ်ရရှိထားပြီး ဒုတိယနေရာမှ လီဗာပူးအသင်းက ၇၆ မှတ်ရရှိထားတာကြောင့် တစ်မှတ်အသာ နဲ့ အမှတ်ပေးဇယားထိပ်ဆုံးမှာ ဦးဆောင်နေတာလည်း ဖြစ်ပါတယ်။
ငွေကြယ်