၁၉ ဇွန်

 

 

အမေရိကန် သမ္မတ ဒေါ်နယ်ထရန့်၏ နောက်ရွေးကောက်ပွဲအတွက် မဲဆွယ်ရန် အသုံးပြုထားသည့် ဖေ့စ်ဘုတ် စာမျက်နှာပေါ်မှ မဲဆွယ် သင်္ကေတမှာ နာဆီဂျာမနီတို့ အသုံးပြုခဲ့သည့် အမုန်းတရား ဖြန့်ချိနေသည့် သင်္ကေတ ဖြစ်သည့်အတွက် ဖေ့စ်ဘုတ် ဖယ်ရှားလိုက်သည်ဟု ဆိုသည်။

 

 

ထရန့်၏ ရွေးကောက်ပွဲအတွက် မဲဆွယ် သင်္ကေတမှာ အနီရောင်တြိဂံပုံမှာ အမဲရောင်လိုင်းနှင့် ဘောင်ခတ်ထားသည့် ပုံဖြစ်ပြီး အဆိုပါ အရောင်များနှင့် အလားသဏ္ဌာန်တူသည့် ပုံများကို နာဇီ ဂျာမနီ ကွန်မြူနစ်များက အသုံးပြုခဲ့ကြပြီး အမုန်းတရားကို ဖော်ဆောင်နေသည့် သင်္ကေတအဖြစ် ဖေ့စ်ဘုတ်က စွပ်စွဲထားလျက်ရှိသည်။

 

 

အဆိုပါ သင်္ကေတမှာ  ဆူဆူပူပူ လုပ်လိုသည့် လက်ဝဲစွန်း အဖွဲ့များနှင့်  ကွန်မြူနစ်များကို ရည်ညွန်းပြီး အသုံးပြုထားခြင်းဖြစ်ကြောင်း ထရန့်၏ ရွေးကောက်ပွဲ စည်းရုံးလှုံဆော်ရေး အဖွဲ့က  ပြောကြားခဲ့သည်။ 

 

ထရန့်၏ ရွေးကောက်ပွဲ မဲဆွယ် သင်္ကေတမှာ ဖေ့စ်ဘုတ်၏ မူဝါဒနှင့် ဆန့်ကျင်နေခြင်းကြောင့် ဖယ်ရှားခဲ့ခြင်းဖြစ်ကြောင်း ဖေ့စ်ဘုတ်က ပြောကြားခဲ့သည်။

 

 

အမုန်းတရားများ ပြည့်နှက်နေသည့်  အဖွဲ့အစည်း ကိုယ်စားပြုမှုများ  (သို့မဟုတ်) အမုန်းတရား ပြည့်နေသည့်  အတွေးအခေါ်များကို လူမှုကွန်ယက်မှာ အသုံးပြုခွင့် လုံးဝပေးမှာမဟုတ်ကြောင်း  အထူးသဖြင့် အဆိုပါ သင်္ကေတမှာ  မည်ကဲ့သို့ ကိုယ်စားပြုထားသည်ဆိုကို  ရှင်းပြထားသည့်  စကားလုံးများ မပါဘူးဆိုလျှင် လုံးဝအသုံးပြုခွင့် ပေးမှာမဟုတ်ပါဘူး" လို့ ဖေ့စ်ဘုတ်ရဲ့ လုံခြုံရေး ပေါ်လစီ အကြီးအကဲ ဖြစ်သူက အင်္ဂါနေ့က ပြောကြားခဲ့သည်။

 

 

အဆိုပါ သင်္ကတေကို ၎င်းတို့ အနေဖြင့် မြင်တွေ့ခဲ့ပြီးဖြစ်သဖြင့် မည့်သည့်နေရာတွင်မဆို အဆိုပါ သင်္ကေတကို အသုံးပြုလျှင် ယခုကဲ့သို့ပဲ ဖယ်ရှားပစ်မည်ဖြစ်ကြောင်း ၎င်းက ထပ်လောင်း ပြောကြားခဲ့သည်။

 

 

အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်နှင့် ဒုတိယသမ္မတ မိုက်စ်ပန့်တို့ အသုံးပြုခဲ့သည့် အဆိုပါ ရွေးကောက်ပွဲ မဲဆွယ် သင်္ကေတမှာ ပြီးခဲ့သည့် ၂၄ နာရီအတွင်း ဖေ့စ်ဘုတ်မှာ တင်ထားခဲ့ခြင်းဖြစ်ပြီး ဖေ့စ်ဘုတ်မှ မဖယ်ရှားခင်အထိ လူထောင်ပေါင်းများစွာတို့က ကြည့်ရှုခဲ့ကြသည်။

 

 

ကိုးကား-ဘီဘီစီ

ဘာသာပြန်-မေဇော်ထက်