အနာဂတ် 5G ဆက်သွယ်ရေးနည်းပညာအတွက် ကုန်သွယ်ရေးပြပွဲ ကျင်းပ

၂၈ ဖေဖော်ဝါရီ

 

အနာဂတ်မှာ မိုဘိုင်းဖုန်းတွေအတွက် 5G ကွန်ရက် ဆက်သွယ်ရေးနည်းပညာ ဝန်ဆောင်မှုပေးနိုင်ရန် ကမ္ဘာ့အကြီးဆုံး ကုန်သွယ်ရေးပြပွဲကို  စပိန်နိုင်ငံ ဘာစီလိုနာမြို့မှာ ကျင်းပခဲ့ပါတယ်။ အဆိုပါ အခမ်းအနား သို့ ကမ္ဘာတစ်ဝန်းက ကုမ္ပဏီ ၂၀ဝဝ ကျော် တက်ရောက်ခဲ့ပြီး လက်ရှိစံနှုန်းထက် ၁၀ မြန်ဆန်တဲ့ 5G ဆက် သွယ်ရေးနည်းပညာကို ဝန်ဆောင်မှုပေးနိုင်ဖို့ အပြိုင်အဆိုင် ကြိုးစားနေ ကြတာဖြစ်ပါတယ်။ 

 

 

တောင်ကိုရီးယားကတော 5G ဝန်ဆောင်မှုကို လာမယ့်နှစ်အတွင်း ပေးနိုင်တော့မယ်လို့ ပြောဆိုထားပြီး ဂျပန်ကလည်း ၂၀၂၀ မှာ ဝန်ဆောင်မှုပေးနိုင်လိမ့်မယ်လို့ ကုန်သွယ်ရေးပြပွဲမှာ ပြောဆိုခဲ့ပါတယ်။ 

 

 

ဆွီဒင် မိုဘိုင်းကုမ္ပဏီ Ericsson ကတော့ 5G  ဝန်ဆောင်မှုသာ ပေးနိုင်ရင် ဆောက်လုပ်ရေး လုပ်ငန်းခွင်က လုပ်သားတွေအတွက် အထောက်အကူဖြစ်နိုင်ကြောင်းနဲ့ ၎င်းတို့အတွက် လုပ်ငန်းခွင်မှာ ရှင်းရှင်းလင်းလင်း တိတိကျကျ လုပ်နိုင်ဖို့ စောင့်ကြည့်ပေးနိုင်မှာဖြစ်ကြောင်း ပြောဆိုထားပါတယ်။ ဂျပန်ကုမ္ပဏီ NTT Doc omo ကလည်း အန္တရာယ်များပြီး ကျဉ်းမြောင်းတဲ့ နေရာတွေမှာ 5G ကွန်ရက် ဝန်ဆောင်မှုနဲ့ စက်ရုပ် တစ်ရုပ်ရဲ့လုပ်ဆောင်နိုင်မှုတွေကို သရုပ်ပြခဲ့ပါတယ်။

 

 

MDN
ကိုးကား > NHK