အနာကြီးရောဂါဝေဒနာရှင် ဆွေမျိုးသားချင်းများကို ဂျပန်ဝန်ကြီးချုပ် တောင်းပန်

၁၂ ဇူလိုင်

 

ဂျပန် ဝန်ကြီးချုပ် ရှင်ဇိုအာဘေးသည် နိုင်ငံတော်က လျော်ကြေးပေးရန် တရားရုံးအမိန့်ချမှုကို ကန့်ကွက်သည့် အစိုးရ ဆုံးဖြတ်ချက်ကြောင့် အနာကြီးရောဂါဝေဒနာရှင်ဟောင်းများ၏ ဆွေမျိုးသားချင်းများကို ၎င်းတို့ နစ်နာမှုအတွက် ယနေ့ တောင်းပန်ချက်တစ်စောင် ထုတ်ပြန်ခဲ့သည်။

 

အနာကြီးရောဂါဝေဒနာရှင်များသာမက ၎င်းတို့၏မိသားစုဝင်များလည်းပဲ ခွဲခြားဆက်ဆံခံရပြီး မလိုမုန်းထား ဘက်လိုက်မှုပြင်းထန်ကာ အကြင်နာကင်းမဲ့သော လုပ်ရပ်ဖြစ်ကြောင်း ရှင်ဇိုအာဘေးက ထိုထုတ်ပြန်ကြေညာချက်တွင် ပြောကြားခဲ့သည်။

 

အနာကြီးရောဂါ ဝေဒနာရှင်များနှင့် ၎င်းတို့၏မိသားစုဝင်များ  ဒုက္ခခံစားရမှု နှင့်စိတ်ဆင်းရဲမှုအပေါ် အလေးအနက်စဉ်းစားပြီး စိတ်ရင်းအတိုင်းတောင်းပန်ပါကြောင်း ထိုကြေညာချက်တွင် ပြောကြားခဲ့သည်။

 

ယနေ့သည် တရားလို ၅၄၁ ဦး ကို နစ်နာကြေး စုစုပေါင်း ယန် ၃၇၀ သန်းပေးဆောင်ရန် ချမှတ်ထားသည့် အမိန့် ဖြစ်သော ဇွန် ၂၈ ရက် ပြဌာန်းချက်  အယူခံဝင်ခြင်း ရှိ ၊ မရှိ ကို ဆုံးဖြတ်ရန် သတ်မှတ်ထားသည့် နောက်ဆုံးရက်ဖြစ်သည်။ အာဘေးက ၎င်းရောဂါသည်မိသားစုဝင်များ ၏ ဆင်းရဲဒုက္ခ ထပ်မံ မကြာမြင့် သင့်တော့ကြောင်း ၊ အယူခံဝင်ဖို့ဆုံးဖြတ်ထားကြောင်း  ကို အင်္ဂါနေ့က ပြောကြားခဲ့သည်။

 

ကိုးကား- ကျိုဒိုနယူး

 

ဘာသာပြန် - မြင့်မြင့်ချို