ဝင်ဘယ်ဒန် အမျိုးသမီးတစ်ဦးချင်းပြိုင်ပွဲ နောက်ဆုံးဗိုလ်လုပွဲစဉ်တွင် နာမည်ကြီး ပိုလန် တင်းနစ်မယ် အီဂါဆွီယာတက်ခ်သည် အမေရိကန်တင်းနစ်မယ် အမန်ဒါ အနစ်ဆီမိုဗာကို ၆-၀၊ ၆-၀ ရလဒ်ဖြင့် နိုင်ပွဲရရှိကာ ပထမဆုံးအကြိမ် ဝင်ဘယ်ဒန်ဖလားကို ဆွတ်ခူးနိုင်ခဲ့သည်။
ဆွီယာတက်ခ်သည် ပြိုင်ဘက် အနစ်ဆီမိုဗာကို နိုင်ပွဲရရှိရန် ၅၇ မိနစ်ခန့်သာ ယှဉ်ပြိုင်ကစားခဲ့ရ ကြောင်း သိရသည်။ ၎င်းသည် ပြိုင်ပွဲတစ်လျှောက်တွင် မက်နဲလ်၊ ကောလင်းစ်၊ တော်ဆန်၊ ဆမ်ဆို နိုဗာ၊ ဘင်းဆစ်စသည့် ထိပ်တန်းအဆင့် တင်းနစ်မယ်များကို အနိုင်ယူကျော်ဖြတ်ကာ ဗိုလ်လုပွဲသို့ တက်လှမ်းလာသူ ဖြစ်သည်။ ဗိုလ်လုပွဲတွင်လည်း ပြိုင်ဘက် အနစ်ဆီမိုဗာကို ထပ်မံအနိုင်ယူ ကျော်ဖြတ်ကာ ဝင်ဘယ်ဒန်ဖလားကို ထိုက်ထိုက်တန်တန် ဆွတ်ခူးနိုင်ခဲ့ခြင်းဖြစ်သည်။
အနစ်ဆီမိုဗာသည် ဆီမီးဖိုင်နယ်တွင် ကမ္ဘာ့နံပါတ်တစ် ဘယ်လာရုစ်တင်းနစ်မယ် အရွိုင်နာ ဆာဘယ်လင်ကာကို ၆-၄၊ ၄-၆၊ ၆-၄ ရလဒ်ဖြင့် အနိုင်ယူကျော်ဖြတ်ကာ ဗိုလ်လုပွဲသို့ တက်လှမ်း လာသူဖြစ်သည်။ သို့သော်လည်း ၎င်းသည် ဗိုလ်လုပွဲတွင် လက်စွမ်းပြသနိုင်ခြင်းမရှိဘဲ ရှုံးနိမ့်ခဲ့သည့် အတွက် အောင်မြင်မှုနှင့် လွဲချော်ခဲ့ရသည်။
အောင်ဇော်


