နယူးဒေလီ အောက်တိုဘာ ၂၇
အိန္ဒိယနိုင်ငံသည် အနောက်အာရှတွင် ပဋိပက္ခဖြစ်ပွားသည့်အခြေအနေ အရှိန်မြင့်လာမှုနှင့်ပတ်သက်ပြီး အလွန်အမင်းစိုးရိမ်ကြောင်းနှင့် ပါဝင်သူအားလုံးကို ထိန်းထိန်းသိမ်းသိမ်း လုပ်ဆောင်ကြရန် တိုက်တွန်း လိုက်ကြောင်း သိရသည်။
ယခုလအစောပိုင်းတွင် အီရန်က အစ္စရေးသို့ ပဲ့ထိန်းဒုံးကျည် အမြောက်အမြားပစ်ခတ်တိုက်ခိုက်မှုကို လက်တုံ့ပြန်သည့်အနေဖြင့် အောက်တိုဘာ ၂၇ ရက် အစောပိုင်းတွင် အစ္စရေးက အီရန်သို့ လေကြောင်း တိုက်ခိုက်မှုများလုပ်ဆောင်ပြီးနောက် ထိန်းထိန်းသိမ်းသိမ်းလုပ်ဆောင်ရန် အိန္ဒိယနိုင်ငံက တိုက်တွန်း လိုက်ခြင်းဖြစ်သည်။ အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးဌာနက အနောက်အာရှတွင် ပဋိပက္ခအရှိန်မြင့်လာမှုကို အလွန်စိုးရိမ်ပြီး ပါဝင်သူအားလုံးကိုထိန်းထိန်းသိမ်းသိမ်း လုပ်ဆောင်ကြရန်၊ တွေ့ဆုံဆွေးနွေးရေးနှင့် သံတမန်ရေး လမ်းကြောင်းသို့ပြန်သွားရန် ထပ်လောင်းတောင်းဆိုကြောင်း ပြောသည်။
၂၀၂၃ ခုနှစ် အောက်တိုဘာ ၇ ရက်တွင် ဟားမားစ်က အစ္စရေးတောင်ပိုင်းကို တိုက်ခိုက်မှုကြောင့် ဖြစ်ပေါ်လာသော အစ္စရေး - ဟားမားစ် ပဋိပက္ခဖြစ်ပွားချိန်မှစ၍ အရှေ့အလယ်ပိုင်းတွင် မတည်မငြိမ်မှု များ ဖြစ်ပွားလျက်ရှိသည်။
ဆင်ဟွာ