၁၀ ဒီဇင်ဘာ

အမေရိကန်နိုင်ငံ အနောက်ဗာဂျီးနီးယားပြည်နယ်တွင် အင်္ဂါနေ့ညပိုင်းက ဓာတုစက်ရုံတစ်ရုံ ပေါက်ကွဲမှု ဖြစ်ပွားခဲ့ပြီး လူတစ်ဦးသေဆုံးပြီး အခြားသုံးဦး ဒဏ်ရာရရှိကြောင်း ဒေသခံတာဝန်ရှိသူများက ပြောကြားခဲ့သည်။

ချီမားစ်ကုမ္ပဏီပိုင်ဆိုင်သည့်မြေနေရာကို ငှားရမ်းထားသော အော့တီမာဓာတုပစ္စည်းစက်ရုံတွင် အင်္ဂါနေ့ည ၁၀ နာရီထိုးပြီးနောက် ပေါက်ကွဲမှု ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

ဗုဒ္ဓဟူးနေ့က လူတစ်ဦး သေဆုံးခဲ့ကြောင်း ကာနာဝါကောင်တီကော်မရှင်က ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ အဆိုပါသေဆုံးသူ၏ မိသားစုဝင်များက ယင်းသေဆုံးသူမှာ ဓာတုစက်ရုံအလုပ်သမား ဂျွန် ဂီလန်ဝေါ့တား ဖြစ်သည်ဟု နောက်ပိုင်းတွင် ပြောကြားနိုင်ခဲ့သည်။

ထိုပေါက်ကွဲမှုတွင် ကလိုရင်းခြောက်သွေ့သော အရောင်ချွတ်ဆေးနှင့် မက်သနောတို့ ပါဝင်သည်ဟု ယူဆသော်လည်း အကြောင်းအရင်းအတိအကျကို ထပ်မံစုံစမ်းစစ်ဆေးဖို့ လိုအပ်ကြောင်း ကော်တီကော်မရှင်နာ ကန့်ကာပါ ၏ ပြောကြားချက်အရ သိရသည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို