အမန်   ဖေဖော်ဝါရီ   ၂၃

အနောက်ဘက်ကမ်းဒေသမြောက်ပိုင်း နာဗျူလက်မြို့ရှိ ဂျော်ဒန်နိုင်ငံ ကွင်းဆင်းကုသရေးဆေးရုံသို့ ဆေးဝါး၊ အစားအသောက်နှင့် ကယ်ဆယ်ရေးပစ္စည်းများတင်ဆောင်ထားသည့် ထရပ်ကားခြောက်စီးကို ဂျော်ဒန်တာဝန်ရှိသူများက ဖေဖော်ဝါရီ ၂၂ ရက်တွင် စေလွှတ်ခဲ့ ကြောင်း သိရသည်။

ဂျော်ဒန်တပ်မတော်ကစေလွှတ်ခဲ့သည့် ၎င်းထရပ်ကားများတွင် ဆေးဝါး၊  အစားအသောက်နှင့် ရေများကို သယ်ဆောင်လာခဲ့ပြီး ၎င်းဆေးရုံ၏ ဆေးကုသရေးလုပ်ငန်းများ အောင်မြင်စွာဆောင်ရွက် နိုင်ရေးအတွက်  အကူအညီများပေးအပ်မည်ဖြစ်ကြောင်း ဂျော်ဒန်တပ်မတော်၏ ထုတ်ပြန်ချက်အရ သိရသည်။

၎င်းဆေးရုံရှိဆေးကုသရေးတာဝန်ရှိသူများသည် ဒေသခံများရင်ဆိုင်နေရသည့်    ကျန်းမာရေးအခက်အခဲများကို   အောင်မြင်စွာကုသပေးနေသည်။ ၎င်းဆေးရုံ စတင်ဖွင့်လှစ်သည့် ၂၀၂၃ ခုနှစ်မှစတင်၍ ဒေသခံ လူနာ ၃၀၈၄၁၀ ကို ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများဆောင်ရွက်ခဲ့ပြီး ခွဲစိတ်ကုသမှု ၂၇၀၇ ကြိမ်ကို ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။                    

ကိုးကား - ဆင်ဟွာ

ဘာသာပြန် - စိုးသူရ