ဇန်နဝါရီ ၃၀
အနောက်ဘက်ကမ်း Tubas ပြည်နယ်၏ အရှေ့တောင်ဘက် တမ်မိုမြို့တွင် ယမန်နေ့နှောင်းပိုင်းက အစ္စရေး၏လေကြောင်းတိုက်ခိုက်မှုကြောင့် ပါလက်စတိုင်း ၁၀ ဦးသေဆုံးပြီး အခြားလူအများအပြား ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု ပါလက်စတိုင်းကျန်းမာရေးတာဝန်ရှိသူများက ပြောသည်။
အဆိုပါလေကြောင်းတိုက်ခိုက်ခံရပြီးနောက် သေဆုံးသူ ၁၀ ဦး၏ရုပ်အလောင်းများနှင့် ထိခိုက်ဒဏ်ရာရရှိသူအများအပြားကို Tubas အစိုးရဆေးရုံသို့ပို့ဆောင်ပေးခဲ့ကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ပြောသည်။
အနောက်ဘက်ကမ်းတွင် ၂၀၂၃ ခုနှစ် အောက်တိုဘာလမှစတင်ကာ ၎င်းတို့အကြား ဆက်ဆံရေးတင်းမာမှုများ မြင့်တက်လာသည်။ ထို့နောက် အနောက်ဘက်ကမ်းနှင့်အရှေ့ဂျေရုဆလင်တို့တွင် ပါလက်စတိုင်းသေဆုံးသူပေါင်း ၈၀၀ ကျော် ရှိလာသည်ဟု ကျန်းမာရေးဝန်ကြီးဌာန၏ပြောကြားချက်အရသိရသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို