အနောက်ဘက်ကမ်းရှိ အစ္စရေးတပ်ဖွဲ့၏ ပစ်ခတ်မှုကြောင့် ပါလက်စတိုင်း ၁ ဦးသေဆုံး

ရာမာလာ အနီး အယ်လ်ဘီယပ် မြို့တော် အနောက်ဘက်ကမ်း၏ မြောက်ဘက် အစ္စရေး စစ်သားများက ပစ်ခတ်မှုကြောင့် အသက် ၂၁ နှစ်အရွယ် အာမက် အက်ဘာဆီ အမည် ရှိ ပါလက်စတိုင်း ၁ ဦး ယမန်နေ့နှောင်းပိုင်း က သေဆုံးခဲ့ကြောင်း ပါလက်စတိုင်း အာဏာပိုင်များက ထုတ်ပြန် ကြေညာခဲ့သည်။

 

အဆိုပါ ပစ်ခတ်မှုကြောင့် သေဆုံးခဲ့သည့် အက်ဘာဆီ သည် အရှေ့ဂျေရုဆလင်  ရှိ ရပ်အယ် အမောဒ် အနီးဝန်းကျင်တွင် နေထိုင်သူ ဖြစ်ကြောင်း ထိုထုတ်ပြန်ချက်တွင် ပါရှိသည်။

 

သို့သော်လည်း အစ္စရေး စစ်တပ်က ရာမာလာ ဒေသ ရှိ အစ္စရေး တပ်ဖွဲ့ စစ်ဆေးရေးဂိတ် သို့ ကားတစ်စီး တရကြမ်း စီးနင်းလာသည့်အတွက် ယင်းစစ်ဆေးရေးဂိတ် ရှိ စစ်သားများက  ပစ်ခတ်ခဲ့ရာ ယာဉ်မောင်း သေဆုံးခဲ့ကြောင်း ဆိုသည်။

 

ယမန်နေ့အစောပိုင်းက ရာမာလာ အရှေ့ဘက် အိုဖရာ အခြေချ စခန်းအနီးတွင်  စစ်သွေးကြွများ က ပစ်ခတ်ခဲ့ကြရာ ထိခိုက်ဒဏ်ရာရသူမရှိကြောင်း အစ္စရေး မီဒီယာ က သတင်းဖော်ပြခဲ့သည်။

 

ထို ပစ်ခတ်မှုဖြစ်ပွားပြီးနောက် အစ္စရေး စစ်တပ်က  ယင်း ဒေသမှ ယာဉ်အသွားအလာများကို တားဆီးခဲ့ပြီး ရာမာလာ အရှေ့ပိုင်း ဒေသ ရှိ ကျေးရွာများနှင့် မြို့များသို့ သွားလာသည့် လမ်းများအားလုံးကို ပိတ်ထားခဲ့ကြောင်း ပါလက်စတိုင်း မျက်မြင်သက်သေ များက ပြောကြားခဲ့သည်။

 

ဒီဇင်ဘာလ အစောပိုင်းကတည်းက အစ္စရေးစစ်တပ်က အရှေ့ဂျေရုဆလင် နှင့် အနောက်ဘက်ကမ်းရှိ ပါလက်စတိုင်း ၇ ဦး ကို ပစ်သတ်ခဲ့ကြသည် ဟု သိရသည်။

 

ကိုးကား ဆင်ဟွာ

 

ဘာသာပြန် မြင့်မြင့်ချို