ကန်ကြီးထောင့် ၂၆ ဒီဇင်ဘာ

 

ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့၊ ကရင်တိုင်းရင်းသားလူမျိုးရေးရာ ဝန်ကြီးဌာနနှင့် ကရင်စာပေယဉ်ကျေးမှု ကော်မတီတို့ ပူးပေါင်းကျင်းပသော ကရင်နှစ် ၂၇၅၉ နှစ် တိုင်းဒေသကြီးအဆင့် ကရင်အမျိုးသားနှစ်သစ်ကူးပွဲတော် အလံတင်အခမ်းအနားကို ဒီဇင်ဘာ ၂၆ ရက် နံနက် နာရီက ကန်ကြီးထောင့်မြို့နယ်၊ ဝါးဒူးကျေးရွာအုပ်စု၊ အနောက်စုကျေးရွာ၌ ကျင်းပသည်။

 

အခမ်းအနားတွင် တိုင်းဒေသကြီး အစိုးရအဖွဲ့၊ ကရင်တိုင်းရင်းသားရေးရာ ဝန်ကြီး ဂါ့မိုးမြတ်မြတ်သူနှင့် လွှတ်တော်ကိုယ်စားလှယ်များ၊ သဘာပတိအဖွဲ့မှ တာဝန်ရှိသူများက တက်‌‌ရောက်လာကြသော ကရင်တိုင်းရင်းသားများနှင့်အတူ ကရင်အမျိုးသားအလံတင်သီချင်းကို စုပေါင်းသံပြိုင်သီဆို၍ အလံကိုအလေးပြုကြသည်။ ဆက်လက်၍ ကရင်တိုင်းရင်းသားရေးရာ ဝန်ကြီးနှင့်အတူ တက်ရောက်လာကြသူများက ဖားစည်ကိုတီး၍ အမွှေးနံ့သာများ ပက်ဖျန်းပေးကြကြောင်း သိရသည်။

 

နန်းထိုက် (ပြန်/ဆက်)