သံတွဲမြို့ ဖေဖော်ဝါရီ ၂၆
ရခိုင်ပြည်နယ်၊ သံတွဲမြို့သို့ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးဗိုလ်ချုပ်ထင်လတ်ဦး၏ လမ်းညွှန်မှုဖြင့် နယ်လှည့်ဆေးကုရေးအဖွဲ့မှ အထူးကုဆရာဝန်ကြီးများအဖွဲ့သည် မတ်လ ၄ ရက်မှ မတ်လ ၆ ရက်နေ့အထိ သံတွဲမြို့၊သဗြုချိုင်ဆိပ်ကမ်း၊အအေးခန်းတွင် (အခမဲ့)လာရောက်ဆေးကုသ ပေးမည်ဖြစ်သည်။
အဆိုပါနယ်လှည့်ဆေးကုသရေးအဖွဲ့တွင် မျက်စိ၊ နား၊ နှာခေါင်း၊လည်ချောင်း၊မီးယပ်သားဖွား အထူးကုဆရာဝန်ကြီးများ၊ ခွဲစိတ်ပါရဂူ၊ ကလေးအထူးကုဆရာဝန်၊အရိုး/အကြောအထူးကုဆရာဝန်၊ သွားအထူးကုဆရာဝန်နှင့် အထွေထွေရောဂါအထူးကုဆရာဝန်ကြီးများ ပါဝင်မည်ဖြစ်ပြီး ECG နှင့် အာထရာဆောင်းစက်တို့ဖြင့် ရောဂါရှာဖွေစမ်းသပ်ကာလိုအပ်သည့်ဆေးဝါးများဖြင့် (အခမဲ့) ဆေးကု ပေးမည်ဖြစ်ကြောင်းသိရသည်။
ခရိုင်(ပြန်/ဆက်)
သတင်းဓာတ်ပုံ - အင်တာနက်(Internet)


