တောင်ကြီး ၂၅ ဇွန်
ရှမ်းပြည်နယ် ပြည်သူလူထုစားနပ်ရိက္ခာ ထောက်ပံရေးကော်မတီအနေဖြင် ကိုဗစ် -၁၉ ရောဂါဖြစ်ပွား နေစဉ်ကာလအတွင်း အခြေခံပြည်သူများ စားနပ်ရိက္ခာအတွက် အထောက်အကူဖြစ်စေရန်ရည်ရွယ်၍ ဆန်၊ ဆီ၊ ဆား၊ ကုလားပဲ ၊ ပါဝင်သည့် စားနပ်ရိက္ခာ ထုပ်များ၊ ကြက်ဥများအား ပြည်သူများ လက်ဝယ် အရောက် သွားရောက်လှူဒါန်းလျက်ရှိသည်။
ယင်းသို့သွားရောက် ထောက်ပံ့လှူဒါန်းရာတွင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးနေမျိုး၊ ရှမ်းပြည်နယ် ပြည်သူလူထုစားနပ် ရိက္ခာထောက်ပံ့ရေးကော်မတီနှင့် ကမ္ဘောဇ ဘဏ် နာယက ဦးအောင်ကိုဝင်း၊ တောင်ကြီးမြို့ ခရိုင်နှင့်မြို့နယ်၊ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ တာဝန်ရှိသူများ၊ ရှမ်းပြည်နယ် ပြည်သူလူထုစားနပ် ရိက္ခာထောက်ပံ့ရေး ကော်မတီမှ တာဝန်သူများနှင့် ပရဟိတ အဖွဲ့ဝင်များသည် ယနေ့နံနက်ပိုင်းတွင် ရွှေညောင် မြို့ရှိ အနှေးယာဉ်(ဆိုက္ကား) လုပ်သားနှင့် လက်တွန်း လှည်းလုပ်သား စုစုပေါင်း(၁၁၄) ဦးတို့အား ဆန်၊ ဆီ၊ ဆား၊ ကုလားပဲ ပါဝင်သည့်စားနပ်ရိက္ခာထုပ်များ၊ ကြက်ဥများ ၊ Vitermin C အချိုရည်ဘူးများနှင့် တစ်ဦးလျှင်ငွေကျပ်(၁၀ဝ၀ဝ)စီတို့ကို ထောက်ပံ့လှူဒါန်း သည်။
ထို့နောက် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်၊ ကော်မတီနာယကနှင့်အဖွဲ့သည် ရွှေညောင်မြို့၊ အောင်သပြေရပ်ကွက်ရှိ စိတ္တသုခမိဘမဲ့ပရဟိတ ကျောင်းသို့သွားရောက်၍ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူ(၈၈)ဦးတို့ကိုစားနပ် ရိက္ခာထုပ်များနှင့် တစ်ဦးလျှင်ငွေကျပ်(၁၀ဝ၀ဝ) စီတို့ကို ပေးအပ်လှူဒါန်းခဲ့သည်။ ထို့ပြင် ကမ္ဘောဇဘဏ် နာယကဦးအောင်ကိုဝင်းက အဆိုပါ ပရဟိတကျောင်း ရန်ပုံငွေအတွက် အလှူငွေ ကျပ်သိန်း(၁၀ဝ)ကို ဆက်ကပ်လှူဒါန်းသည်။
ထိုမှတစ်ဆင့် အေးသာယာမြို့သာသနာ့တံခွန် မိဘမဲ့ပရဟိတကျောင်းသို့သွား ရောက်၍ ဆရာ ဆရာမများနှင့် ကျောင်းသားကျောင်းသူ (၃၄)ဦးတို့အား စားနပ်ရိက္ခာ ထုပ်များနှင့် တစ်ဦးလျှင် ငွေကျပ်(၁၀ဝ၀ဝ)စီတို့ကို ထောက်ပံ့လှူဒါန်းပြီး ကမ္ဘောဇဘဏ် နာယက ကအလှူငွေကျပ်သိန်း(၅၀)၊ မိဘမေတ္တာ မိဘမဲ့ပရဟိတကျောင်းရှိ ဆရာ၊ ဆရာမများနှင့် ကျောင်းသားကျောင်းသူ(၈၆)ဦး အတွက် စားနပ်ရိက္ခာထုပ်များနှင့် တစ်ဦးလျှင် ငွေကျပ်(၁၀ဝ၀ဝ)စီ၊ ကမ္ဘောဇဘဏ်နာယကမှ ကျောင်းအတွက် အလှူငွေကျပ်သိန်း (၁၀ဝ)တို့ကို ပေးအပ်လှူဒါန်းသည်။
ယင်းနောက် တောင်ကြီးမြို့၊ အရိယဝံသ မြို့ဦးကျောင်းတိုက်သို့ သွားရောက်၍ ဆရာတော်၊ သံဃာတော်နှင့် ပထမတောင်ကျောင်းကြီးကျောင်းတိုက်ရှိ ဆရာတော်၊ သံဃာတော်များအား ဆန်၊ ဆီ၊ နှင့်လှူဖွယ်ဝတ္ထုပစ္စည်းများကို ဆက်ကပ်လှူဒါန်းခဲ့ကြ ကြောင်းသိရသည်။
စိုးညွန့်ရွှေ (ပြည်နယ် ပြန်/ဆက်)


