ကျောင်းကုန်း  ၂၉  စက်တင်ဘာ

 

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ကျောင်းကုန်းမြို့နယ်၊ အမှတ်(၂)ရပ် ကွက်၊ မြို့မဈေးအနီး ရွှေပုဏ္ဏမီ ရွှေဆိုင်မိသားစုမှ ယနေ့နံနက်ပိုင်းက အနှေးယာဉ်လုပ်သား (၄၂၁)ဦးနှင့် လှေလေးယာဉ်လုပ်သား (၄၈)ဦး၊ စုစုပေါင်း (၄၆၉)ဦးတို့အား တစ်ဦးလျှင် ဆန် (၆)ပြည်စီဖြင့် ဆန်အိတ် (၁၂၅)အိတ်၊ ခန့်မှန်း တနဖိုးငွေကျပ် (၃၃)သိန်းကျော်လှူဒါန်းပေးခဲ့ကြောင်း သိရသည်။

 

ကိုဗစ် - ၁၉ ရောဂါ ကာလတွင် အခြေခံလူတန်းစားများဖြစ်သည့် အနှေးယာဉ်လုပ်သားများနှင့် လှေလေးယာဉ် လုပ်သားများအနေဖြင့် စားဝတ်နေရေး အခက်အခဲအား တစ်ဖက်တစ်လမ်းမှ အဆင်ပြေစေရန် ရည်ရွယ်၍ ယခုလို လှူဒါန်းခဲ့ခြင်းဖြစ်ကြောင်း အလှူရှင်ကိုဝင်းဝင်းထွန်းက ပြောသည်။

 

 

ဝင်းကြိုင်(ပြန်/ဆက်)