အင်အား ၂.၇ အဆင့်ရှိ မြေငလျင်တစ်ခု လှုပ်ရှား


နေပြည်တော် ၃ အောက်တိုဘာ

နေပြည်တော်မြေငလျင်စခန်းမှ အနောက်မြောက်ဘက် (၁၀)မိုင် ခန့်ကွာဝေးသော မြန်မာနိုင်ငံ ပြည်တွင်း (ချောင်းမကြီး၏ အရှေ့မြောက်ဘက် (၃)မိုင် ခန့်အကွာ) မြောက်လတ္တီတွဒ် (၁၉.၈၂)ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် (၉၅.၉၆)ဒီဂရီ၊ အနက်(၁၀)ကီလိုမီတာကို ဗဟိုပြု၍ အင်အားရစ်(ခ်)တာစကေး (၂.၇) အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တစ်ခု  ၂၀၁၉ ခုနှစ်၊ အောက်တိုဘာလ (၃)ရက်နေ့၊ မြန်မာစံတော်ချိန် (၂၁)နာရီ၊ (၄၂)မိနစ်၊ (၅၆)စက္ကန့် အချိန်တွင် လှုပ်ရှားသွားကြောင်း မိုး/ဇလ၏ ထုတ်ပြန်ချက်အရ သိရသည်။


MDN