နေပြည်တော်  ၆ ဖေဖော်ဝါရီ

၂၀၁၉ ခုနှစ်၊ ဖေဖော်ဝါရီ ၆ ရက်နေ့၊ မြန်မာစံတော်ချိန် ၂၂ နာရီ၊ ၅၁ မိနစ်၊ ၂၄ စက္ကန့်အချိန်တွင် တမူးမြေငလျင်စခန်းမှ တောင်ဘက် (၂၂) မိုင် ခန့်ကွာဝေးသော မြန်မာနိုင်ငံပြည်တွင်း (မော်လိုက်မြို့၏ အနောက်မြောက်ဘက် မိုင် (၂၀) ခန့်အကွာ) မြောက်လတ္တီတွဒ် ၂၃ ဒသမ ၉၀ ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် ၉၄ ဒသမ ၃၀ ဒီဂရီ၊ အနက် (၁၁၀) ကီလိုမီတာကို ဗဟိုပြု၍ အင်အားရစ်(ခ်)တာစကေး ၄ ဒသမ ၂ အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တစ်ခု လှုပ်ရှားသွားကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။ 
MDN