၁၂ နိုဝင်ဘာ
ယနေ့ မြန်မာစံတော်ချိန် (၁၆) နာရီ၊ (၃၅) မိနစ်၊ (၂၉) စက္ကန့် အချိန်တွင် အင်အား ရစ်(ခ်)တာစကေး(၃.၇)
အဆင့်ရှိ အင်အားအနည်းငယ် ရှိသော မြေငလျင်တစ်ခုလှုပ်ရှားသွားကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ထုတ်ပြန်ထားသည်။
အဆိုပါငလျင်သည် တမူးမြေငလျင်စခန်းမှ အရှေ့တောင်ဘက်(၂၉)မိုင်ခန့်ကွာဝေးသော မြန်မာနိုင်ငံပြည်တွင်း (ဖောင်းပြင်မြို့၏ တောင်-အနောက်တောင်ဘက်(၂၃)မိုင်ခန့်အကွာ) မြောက်လတ္တီတွဒ် (၂၃.၉၄)ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ်(၉၄.၆၇)ဒီဂရီ၊ အနက်(၇၄) ကီလိုမီတာကို ဗဟိုပြု၍ လှုပ်ခတ်သွားကြောင်း သိရသည်။


