၂၄ ဒီဇင်ဘာ

 

ယနေ့ မြန်မာစံတော်ချိန် (၂၁) နာရီ၊ (၄၃) မိနစ်၊ (၅၁) စက္ကန့် အချိန်တွင် အင်အား ရစ်(ခ်)တာစကေး(၄.၃)အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တစ်ခု လှုပ်ရှားသွားကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ထုတ်ပြန်ထားသည်။

 

အဆိုပါ ငလျင်သည် မြစ်ကြီးနားမြေငလျင်စခန်းမှ အနောက်-အနောက်မြောက်ဘက် (၄၄)မိုင် ခန့်ကွာဝေးသော မြန်မာနိုင်ငံပြည်တွင်း (ကာမိုင်းမြို့၏ အရှေ့မြောက်ဘက်(၈)မိုင်ခန့်အကွာ) မြောက်လတ္တီတွဒ် (၂၅.၆၃)ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် (၉၆.၇၇)ဒီဂရီ၊ အနက်(၈)ကီလိုမီတာကို ဗဟိုပြု၍ လှုပ်ရှားသွားကြောင်း သိရသည်။