အင်အားအနည်းငယ်ရှိ မြေငလျင်လှုပ်ခတ်

နေပြည်တော် ၁၆ မေ


ယနေ့ မြန်မာစံတော်ချိန် နံနက် ၁၀ နာရီ  (၃၁)မိနစ်၊ (ဝ၂)စက္ကန့် အချိန်တွင် တမူးမြေငလျင်စခန်းမှ တောင်-အနောက်တောင်ဘက် (၂၅)မိုင် ခန့်ကွာဝေးသော (Myanmar – India Border Region) မြောက်လတ္တီတွဒ် (၂၃.၈၇)ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် (၉၄.၁၇) ဒီဂရီ၊ အနက် (၂၇)ကီလိုမီတာကို ဗဟိုပြု၍ အင်အားရစ်(ခ်)တာစကေး (၄.ဝ) အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တစ်ခု လှုပ်ရှားသွားကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ သိရသည်။


MDN