နေပြည်တော် ၁၆ ဖေဖော်ဝါရီ
၂၀၁၉ ခုနှစ်၊ ဖေဖော်ဝါရီလ (၁၆) ရက်နေ့၊ မြန်မာစံတော်ချိန် (ဝ၄)နာရီ၊ (၄၁)မိနစ်၊ (၂၂)စက္ကန့် အချိန်တွင် မြစ်ကြီးနားမြေငလျင်စခန်းမှ အနောက်-အနောက်တောင်ဘက် (၅၆) မိုင် ခန့်ကွာဝေးသော မြန်မာနိုင်ငံပြည်တွင်း (မိုးကောင်းမြို့၏ အနောက်ဘက် မိုင် (၂၀) ခန့်အကွာ) မြောက်လတ္တီတွဒ် (၂၅.၂၉)ဒီဂရီ၊ အရှေ့ လောင်ဂျီတွဒ် (၉၆.၆၁) ဒီဂရီ၊ အနက် (၁၀)ကီလိုမီတာကို ဗဟိုပြု၍ အင်အားရစ်(ခ်)တာစကေး (၄.ဝ) အဆင့်ရှိ အင်အားအနည်းငယ် ရှိသော မြေငလျင်တစ်ခု လှုပ်ရှားသွားကြောင်း မိုးဇလမှ ထုတ်ပြန်ထားသည်။
MDN