နေပြည်တော် ၂၆ ဇူလိုင်
ဇူလိုင်လ (၂၆) ရက်နေ့၊ မြန်မာစံတော်ချိန် (ဝ၇)နာရီ၊ (၄၄)မိနစ်၊ (၁၃)စက္ကန့် အချိန်တွင် မြစ်ကြီးနားမြေငလျင်စခန်းမှ အနောက်ဘက် မိုင် (၅၀)ခန့် ကွာဝေးသော မြန်မာနိုင်ငံပြည်တွင်း ( မိုးကောင်းမြို့၏ အနောက်-အနောက်မြောက်ဘက် မိုင် (၂၀) ခန့်အကွာ) မြောက်လတ္တီတွဒ် (၂၅.၃၄) ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် (၉၆.၆၀) ဒီဂရီ၊ အနက် (၁၀) ကီလိုမီတာကို ဗဟိုပြု၍ အင်အားရစ်(ခ်)တာစကေး(၄.၁)အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တစ်ခု လှုပ်ရှားသွားကြောင်း မိုးဇလမှ ထုတ်ပြန်ထားသည်။
MDN