အင်အားအနည်းငယ်ရှိ မြေငလျင်တစ်ခုလှုပ်ရှား

နေပြည်တော် ၃၀ ဧပြီ

ယနေ့ မြန်မာစံတော်ချိန် မွန်းလွဲ ၁ နာရီ (၂၀)မိနစ်၊ (၃၃)စက္ကန့် အချိန်တွင် နေပြည်တော်မြေငလျင်စခန်းမှ အနောက်မြောက်ဘက် (၁၀၉)မိုင် ခန့်ကွာဝေးသော မြန်မာနိုင်ငံပြည်တွင်း (စလင်းမြို့၏ တောင်-အရှေ့တောင်ဘက်(၂)မိုင် ခန့်အကွာ) မြောက်လတ္တီတွဒ် (၂၀.၅၄)ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် (၉၄.၆၆) ဒီဂရီ၊ အနက် (၂၈)ကီလိုမီတာကို ဗဟိုပြု၍ အင်အားရစ်(ခ်)တာစကေး (၃.၅) အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တစ်ခု လှုပ်ရှားသွားကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ သိရသည်။

MDN