နေပြည်တော်၊ ၁၉ ဒီဇင်ဘာ

၂၀၂၀ ပြည့်နှစ်၊ ဒီဇင်ဘာလ (၁၉) ရက်နေ့၊ မြန်မာစံတော်ချိန် (၁၂) နာရီ၊ (၅၂) မိနစ်၊ (၄၈) စက္ကန့် အချိန်တွင် ညောင်ဦးမြေငလျင်စခန်းမှ မြောက်-အနောက်မြောက်ဘက် မိုင်(၆၀)ခန့် ကွာဝေးသော မြန်မာနိုင်ငံပြည်တွင်း (ယင်းမာပင်မြို့၏ အနောက်-အနောက်တောင်ဘက် (၁၅)မိုင်ခန့်အကွာ)၊ မြောက်လတ္တီတွဒ် (၂၂.၀၃)ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် (၉၄.၆၇)ဒီဂရီ၊ အနက်(၇၀) ကီလိုမီတာကို ဗဟိုပြု၍ အင်အားရစ်(ခ်)တာစကေး (၃.၉)အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တစ်ခု လှုပ်ရှားသွားကြောင်း တိုင်းထွာရရှိပါသည်။

Crd. မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန