တိုကျို ဇူလိုင် ၈
ဂျပန်နိုင်ငံ အနောက်တောင်ပိုင်းရှိ အိုကီနာဝါစီရင်စုသို့ ဇူလိုင် ၁၀ ရက်မှ ၁၁ ရက်အတွင်း အင်အားပြင်း တိုင်ဖွန်းမုန်တိုင်းဝင်ရောက်နိုင်သဖြင့် ဒေသခံများ မုန်တိုင်းအန္တရာယ်ကြိုတင်ကာကွယ်မှု ပြုလုပ်ထားကြရန် ဂျပန်မိုးလေဝသအရာရှိများက တိုက်တွန်းထားသည်။
ဇူလိုင် ၈ ရက် ဒေသစံတော်ချိန် နံနက် ၆ နာရီတွင် တိုင်ဖွန်းမုန်တိုင်း ဘာဗီသည် ဖိလစ်ပိုင်နိုင်ငံ အရှေ့ဘက်ပင်လယ်ပြင်၌ ရှိနေပြီး အနောက်ဘက်သို့ ဆက်လက်ရွေ့လျားနေကြောင်း၊ မကြာမီ အိုကီနာဝါစီရင်စုရှိ ဆာကီရှီမာကျွန်းစုများသို့ ဝင်ရောက်နိုင်ကြောင်း ဂျပန်မိုးလေဝသဌာနက ခန့်မှန်း ထားသည်။
မုန်တိုင်းသည် ပုံမှန်လေတိုက်နှုန်း တစ်နာရီလျှင် ၁၈၀ ကီလိုမီတာခန့်ရှိပြီး အားအကောင်းဆုံးအချိန်တွင် တစ်နာရီလျှင် ၂၅၂ ကီလိုမီတာအထိ တိုက်ခတ်နိုင်သည့် အင်အားပြင်းမုန်တိုင်းဖြစ်ကြောင်း သိရသည်။
အင်န်အိတ်ချ်ကေ


