နယူးဒေလီ ဒီဇင်ဘာ ၇
လွန်ခဲ့သော ရက်အနည်းငယ်အတွင်း အင်အားပြင်း ဆိုင်ကလုန်းမုန်တိုင်းတစ်ခု အိန္ဒိယနိုင်ငံ တောင်ပိုင်းကို ဖြတ်ကျော် ဝင်ရောက်ခဲ့သောကြောင့် ၁၄ ဦး ထက်မနည်း သေဆုံးခဲ့ပြီး အပျက်အစီး များဖြစ်ပွားခဲ့သည်။ သေဆုံးသူအများစုမှာ ဆိုင်ကလုန်းမုန်တိုင်း မိကျောင်း အဓိကဖြတ်ကျော် ဝင်ရောက်ရာ တမီလ်နာဒူပြည်နယ်မှဖြစ်ကြောင်း သိရသည်။
မြို့တော်ချန်နိုင်းရှိ လေဆိပ်လည်း အကြီးအကျယ်ရေလွှမ်းမိုးနေသောကြောင့် လေကြောင်းလိုင်း များကိုလည်း ဖျက်သိမ်းခဲ့ရသည်။ မုန်တိုင်းသည် အိမ်နီးချင်း အန်ဒရာပရာဒေ့ရှ်ပြည်နယ်ကိုလည်း အကြီးအကျယ်ပျက်စီးမှုများ ဖြစ်စေခဲ့သည်။ မိုးသည်းထန်စွာ ရွာသွန်းမှုများကြောင့် ဒေသ တော်တော်များများတွင် ရေကြီးနစ်မြုပ်ခဲ့ပြီး ပြည်သူများ၏အသက်ကို ခြိမ်းခြောက်လျက်ရှိသည်။
ကယ်ဆယ်ရေးလုပ်ငန်းများ အခက်ကြုံလျက်ရှိသည်။ ကယ်ဆယ်ရေး ထောက်ပံ့ရေးပစ္စည်း များလည်း အမှန်တကယ် လိုအပ်သူများထံ မရောက်ရှိသေးကြောင်း သိရသည်။ ယခုအခါတွင် မုန်တိုင်းသည် လေဖိအားနည်းရပ်ဝန်းအဖြစ် အားပျော့သွားပြီ ဖြစ်သော်လည်း အာဏာပိုင်များ က နောက်ထပ် ပျက်စီးနိုင်ခြေရှိနိုင်မှုများကို သတိထားရန် ပြည်သူ များကို တိုက်တွန်းခဲ့သလို ပြည်သူထောင်ပေါင်းများစွာ ဘေးလွတ်ရာ ပြောင်းရွှေ့နေမှုများကိုလည်း ကူညီခဲ့သည်။
အင်န်အိတ်ချ်ကေ