ရန်ကုန်    ၂၄    အောက်တိုဘာ

 

ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ အင်းစိန်မြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှု မရှိစေရန်နှင့် ကြိုတင်ကာကွယ်နိုင်စေရန် ရည်ရွယ်၍ အထွေထွေရောဂါကုဆေးရုံကြီး(အင်းစိန်)သို့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ကုသရေးအတွက် အလှူငွေများ၊ Oxygen Cylinder အိုးများနှင့် ဆက်စပ်ပစ္စည်းများ ကို ယမန်နေ့ နံနက်ပိုင်းမှစတင်ကာ အထွေထွေရောဂါကုဆေးရုံကြီး (အင်းစိန်)တွင် အလှူရှင်များက  အသီးသီး လှူဒါန်းခဲ့ကြောင်း သိရသည်။

 

အင်းစိန်မြို့နယ်အဆင့် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးလုပ်ငန်းစဉ် များတွင် လိုအပ်သည့်နေရာများ၌ အသုံးပြုနိုင်ရန်အတွက် ဒေါက်တာ ကျော်ညွှန့်လွင်(HTUN KYAW Plastic Co.Ltd)မှHand Sanitizer 100ml-2 ctb၊Face Shield(120)pics၊ခိုင်ခိုင်ဖြိုး(International Trading Co.Ltd)မှ Fytobact 1G-(150)Pics၊ဦးမောင်မောင်ခင်+ဒေါ်ဝင်းစန္ဒာ(မိသားစု)မှ Oxygen Cylinder အိုးကြီး ဝယ်ယူရန် အလှူငွေ(၁)သိန်းခွဲ၊ The ASIA Foundation မှ Oxygen Cylinder 3L(၁)အိုးနှင့် 5L(၁)အိုး၊ အဘိုး ဦးကြည်အား ရည်စူး၍ သားသမီးမြေးတစ်စုမှ Oxygen Cylinder အိုးကြီး ဝယ်ယူရန် အလှူငွေ(၁)သိန်းခွဲတို့အား အလှူရှင်များက အထွေထွေရောဂါကု ဆေးရုံကြီး(အင်းစိန်)သို့ အသီးသီးလှူဒါန်းရာ အင်းစိန်အထွေ ထွေရောဂါ ကုဆေးရုံကြီးမှ တာဝန်ရှိသူများက လက်ခံရယူခဲ့ပြီး ကျေးဇူးတင်စကားပြောကြားကာ ဂုဏ်ပြု မှတ်တမ်းလွှာများ ပြန်လည် ပေးအပ်ခဲ့သည်။

 

အင်းစိန်မြို့နယ်အဆင့် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

ဇွဲထက်ကို(ပြန်/ဆက်)